lecturer

Tr. Thone Dara


Total students

300

About me

ဆရာ ကိုသုန္ဒရသည် CAD Factory Auto CAD သင်တန်းရဲ့ Founder နဲ့ Lecturer တစ်ဦးလည်း ဖြစ်ပါတယ်။ 2020 ခုနှစ်မှာ CAD Factory Auto CAD သင်တန်းကို စတင်ခဲ့တည်ထောင်ခဲ့ပြီး ထိုမှတဆင့် ဗိသုကာဆရာ ဦးဇော်ကိုကို၏ သုခုမအင်စတီကျု ဗိသုကာသင်တန်းတွင်လည်း Software Lecturer တစ်ဦးအဖြစ် တာဝန်ယူသင်ကြားပေးခဲ့ပါတယ်။ လူငယ်ကျောင်းသားဘဝမှာ နာမည်ကျော် ဗိသုကာဆရာသမားများထံ ပညာသင်ယူခဲ့ကာ RT Academy, AUIS, Renaissance နှင့် MZT Architects ကဲ့သို့သော ဒီဇိုင်းရုံးများတွင် အလုပ်သင်မှစပြီး Junior Architect Position အထိ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ယခုအခါ Freelance Architect တစ်ဦးအနေနှင့် ရပ်တည်ကာ ဒီဇိုင်းများ ရေးဆွဲနေပါတယ်။ သန်လျင်နည်းပညာတက္ကသိုလ်တွင် ဗိသုကာပညာကို သင်ကြားခဲ့ပြီး ဆောက်လုပ်ရေးနှင့် ဒီဇိုင်းဖန်တီးမှုများအတွက် အခြေခံဖြစ်သော Modeling Software များဖြစ်သည့် Auto CAD နှင့် SketchUp Software များကို သင်ကြားပေးခဲ့တာ ယခုဆိုရင် ၅နှစ်သက်တမ်းထဲကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Strategy First မှ Construction Management Diploma တန်းတွင် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းကို လေ့လာနေပြီး ယခုအခါ လူတိုင်းမည်သည့်နေရာတွင်မဆို အခက်ခဲမရှိ လေ့လာနိုင်စေရန် Online Platform များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချပေးလျက်ရှိပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။

Level-up Your Career

Courses by Tr. Thone Dara

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy