Our Competent Lecturers

U Min Yu Lwin

teacher

ဆရာမင်းယုလွင်ကို ၁၉၈၂ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။ ဆရာမင်းယုလွင်သည် BSc., (Chemistry) ဘွဲ့ရရှိခဲ့ပြီး Engineering Diploma, Business Management Diploma စသည်တို့ကို သင်ယူတတ်မြောက်၍ Computer Sale & Service ပညာရပ်ကို သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ လေ့လာသင်ယူခဲ့ပါသည်။ Computer Sale & Service နယ်ပယ်တွင် ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် Computer Technician ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Freelance Computer Sale & Service ကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ 7 IT Store အမည်ဖြင့် ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ Computer Sale & Service လုပ်ငန်းကို လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ဆရာမင်းယုလွင်သည် Learning to Earning Myanmar (L2E Myanmar) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး Computer Sale & Service Vocational Training ကို သင်ကြားပေးနေသော ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ယခု L2E Myanmar (Premium Online Class) Application သည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို လူငယ်လူရွယ်များ၊ Mobile ဖုန်းဖြင့် လွယ်လင့်တကူ လေ့လာတတ်မြောက်ပြီး မိမိလက်တွေ့ဘဝတွင် Professional တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။

View Details

Daw Yadana

teacher

၂၀၀၈ နှစ်တွင် Korea ဘာသာကို စတင် သင်ကြားပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် YUFL မှ Korean Major အထူးပြုနဲ့ Diploma ရရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ Yadana ကိုရီးယားဘာသာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေပါသည်။

View Details

Daw Zin Phway Phway Kyaw

teacher

၂၀၁၉ ခုနှစ်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာအထူးပြုဘွဲ့ရရှိထားတာဖြစ်ပါ တယ်။ ဒါ့အပြင် ပြင်သစ်ဧည့်လမ်းညွှန်လိုင်စင်ကိုလည်း ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်သောပါရီ (Lovely Paris) ရဲ့ Founder အနေနဲ့ ပြင်သစ် ဘာသာကို သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ J'ai obtenu un diplôme de français à L'Université des Langues Étrangères en 2019.Et aussi je suis un guide touristique agrée .Et maintenant j'enseigne le français comme fondatrice à ချစ်သောပါရီ(lovely paris)

View Details

U Nyein Chan

teacher

ဆရာသည် ဂျပန်ဘာသာစကားကို ၂၀၀၇ ခုနှစ်ကတည်းက စတင်သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ သင်ယူခဲ့ပါတယ်။ Diploma in Japanese (YUFL) ဘွဲ့ရယူခဲ့ပြီး၊ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ JLPT N2 အောင်မြင်ပြီးဖြစ်ပါသည်။ Yangon Press The Fast Japanese Media In Myanmar မှာ Reporter, Editor အဖြစ် ၅ နှစ်ခန့် တာ၀န်ယူ လုပ်​ဆောင်ခဲ့သည်။ ဂျပန်နိုင်ငံ ပြည်သူ့အကျိုးပြု တိုကျိုမြို့ အဆောက်အဦ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့အစည်းမှ ထုတ်ဝေသော အခြေခံမှလေ့လာသင်ယူ သန့်ရှင်းရေးသမားလက်စွဲစာအုပ်ကို ဂျပန်လိုမှ မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါသည်။ ဂျပန်နိုင်ငံအတွင်း ဘာသာပြန် စကားပြန်အဖြစ် ၅ နှစ် လုပ်ကိုင်ခဲ့ပါသည်။

View Details

Daw Lae Yamin Htut

teacher

တီချယ်သည် Computer University မှ နည်းပညာဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး UK အသိအမှတ်ပြု Networking ပိုင်းဆိုင်ရာ International Certificed များစွာလဲ ရရှိထားသူဖြစ်သည်။ ဒါ့အပြင် International Trainer လက်မှတ်ဖြစ်တဲ့ Microsoft Certificed Trainer (MCT) လည်းရရှိထားပါတယ်။ လုပ်ငန်းခွင် အတွေ့အကြုံ ၁၀ နှစ်ရှိပြီး စာသင်တဲ့အတွေ့အကြုံ ၇ နှစ် ရှိပါတယ်။ ဆရာမသည် IT ပညာရပ်များကို စဉ်ဆက်မပျက် လေ့လာနေတဲ့သူဖြစ်တဲ့ အတွက် ကျောင်းသား၊ ကျောင်းသူများကို အကောင်းဆုံးသင်ကြားပို့ချနိုင်အောင်လည်း အမြဲကြိုးစားနေတဲ့သူဖြစ်ပါတယ်။

View Details

U Than Htut Win

teacher

ဆရာသည် BE (Electronics) နဲ့ တက္ကသိုလ်ဘွဲ့ရရှိထားပါတယ်။ Singapore မှာ Architecture Field နဲ့ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုလက်ရှိ Nano Lite Computer Training Center နာမည်နဲ့ Computer နဲ့ Engineering ဆိုင်ရာသင်တန်းတွေကို သင်ကြားပေးလျက်ရှိပါတယ်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy