Ko Thant Moe Nyi
ကိုသန့်မိုးညီ သည် Marketing ကို ထမင်းမေ့ဟင်းမေ့လေ့လာတတ်သူ တစ်ယောက်ဖြစ်ပါသည်။ 2019 Covid ကာလတွင် Digital Marketing နယ်ပယ်ထဲသို့ Freelance Content Writer အဖြစ်ဖြင့် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် The Marketing Nerds ကိုတည်ထောင်ကာ Page Admin တွေကို Digital Marketing Service မျိုးစုံ ပြုလုပ်ပေးခဲ့ပါသည်။ The Marketing Nerds ရဲ့ လက်အောက်ခံ Brand အခွဲ ၃ခုကို ဆက်လက်တည်ထောင်ပြီး ဝန်ထမ်း ၇ယောက်ကိုဦးစီးကာ ယနေ့တိုင် Page Admin များရောင်းအားတိုးတက်အောင် နည်းလမ်းမျိုးစုံဖြင့် ကူညီပေးနေတဲ့ DigitalMarketer တစ်ယောက်ဖြစ်ပါသည်။
View DetailsU Hein Min Kyaw
ဆရာဦးဟိန်းမင်းကျော်သည် KCC Computer Training Centre ရဲ့ Lead Trainer and Founder တစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ KCC ကို တည်ထောင်ခဲ့ပြီး ယနေ့အထိ နိုင်ငံအနှံ့မှ ၂၀၀၀၀ ကျော်သော ကျောင်းသား/သူများကို သင်ကြားပို့ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ICT ပညာရေးမှာ ဆယ်နှစ်ကျော်အတွေ့အကြုံရှိပြီး စနစ်ကျသော သင်ရိုး၊ ထိရောက်သော သင်ကြားမှုများဖြင့် In-Person & Online သင်တန်းများကို ဖန်တီးပေးလျှက်ရှိပါတယ်။ မိတ္ထီလာ စီးပွားရေး တက္ကသိုလ် (Meiktila University of Economics) တွင် MBA ဘာသာရပ်ကို လေ့လာနေပြီး စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ လက်တွေ့အသုံးချနိုင်မယ့် ICT သင်တန်းများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ လူတိုင်း မည်သည့်နေရာတွင်မဆို လွယ်ကူစွာ လေ့လာနိုင်စေရန် Online Platform များနှင့်ချိတ်ဆက်၍ သင်ကြားပို့ချပေးလျှက်ရှိပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။
View DetailsU Hein Thiha Aung
ဆရာ ဦးဟိန်းသီဟအောင်သည် Creative A and HTA Vlog ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှစပြီး Freelance Graphic Designer အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ယခုအချိန်တွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုတွင် Graphic Design and Video Editing အပိုင်းဖြင့် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ Freelance Photographer တစ်ဦးဖြစ်ပြီး Mobile Phone ဖြင့် ဓါတ်ပုံပြုပြင်ခြင်း၊ Design ဖန်တီးခြင်း၊ Video Edit လုပ်ခြင်း သင်တန်းများကို Online မှ ပို့ချနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
View DetailsU Wai Yan Phyo @ Ko Walone
ဆရာဦးဝေယံဖြိုးသည် YC-Your Creative ၏ Lead Trainer and Founder တစ်ဦးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ YC-Your Creative ကို စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ နိုင်ငံအနှံ့မှ ၁၅၀ ကျော်သော ကျောင်းသား/သူများကို သင်ကြားပို့ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Marketing နယ်ပယ်တွင် ၇နှစ်ကျော် အတွေ့အကြုံရှိပြီး စနစ်ကျသော သင်ရိုး၊ ထိရောက်သော သင်ကြားမှုများ၊ လက်တွေ့အသုံးပြုနိုင်သော နည်းလမ်းများအား သင်တန်းကြေးသက်သာစွာဖြင့် In-Person & Online သင်တန်းများကို ဖန်တီးပေးလျှက်ရှိပါတယ်။ Marketing Diploma, Business Management, Digital Marketing Diploma များကို ရရှိထားပြီး Marketing နှင့် CapCut Video Editing ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ လက်တွေ့အသုံးချနိုင်မည့် CapCut Video Editing သင်တန်းများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ လူတိုင်း မည်သည့်နေရာတွင်မဆို လွယ်ကူစွာ လေ့လာနိုင်စေရန် Online Platform များနှင့်ချိတ်ဆက်၍ သင်ကြားပို့ချပေးလျှက်ရှိပြီး လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။
View DetailsTr. Thone Dara
ဆရာ ကိုသုန္ဒရသည် CAD Factory Auto CAD သင်တန်းရဲ့ Founder နဲ့ Lecturer တစ်ဦးလည်း ဖြစ်ပါတယ်။ 2020 ခုနှစ်မှာ CAD Factory Auto CAD သင်တန်းကို စတင်ခဲ့တည်ထောင်ခဲ့ပြီး ထိုမှတဆင့် ဗိသုကာဆရာ ဦးဇော်ကိုကို၏ သုခုမအင်စတီကျု ဗိသုကာသင်တန်းတွင်လည်း Software Lecturer တစ်ဦးအဖြစ် တာဝန်ယူသင်ကြားပေးခဲ့ပါတယ်။ လူငယ်ကျောင်းသားဘဝမှာ နာမည်ကျော် ဗိသုကာဆရာသမားများထံ ပညာသင်ယူခဲ့ကာ RT Academy, AUIS, Renaissance နှင့် MZT Architects ကဲ့သို့သော ဒီဇိုင်းရုံးများတွင် အလုပ်သင်မှစပြီး Junior Architect Position အထိ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ယခုအခါ Freelance Architect တစ်ဦးအနေနှင့် ရပ်တည်ကာ ဒီဇိုင်းများ ရေးဆွဲနေပါတယ်။ သန်လျင်နည်းပညာတက္ကသိုလ်တွင် ဗိသုကာပညာကို သင်ကြားခဲ့ပြီး ဆောက်လုပ်ရေးနှင့် ဒီဇိုင်းဖန်တီးမှုများအတွက် အခြေခံဖြစ်သော Modeling Software များဖြစ်သည့် Auto CAD နှင့် SketchUp Software များကို သင်ကြားပေးခဲ့တာ ယခုဆိုရင် ၅နှစ်သက်တမ်းထဲကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Strategy First မှ Construction Management Diploma တန်းတွင် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းကို လေ့လာနေပြီး ယခုအခါ လူတိုင်းမည်သည့်နေရာတွင်မဆို အခက်ခဲမရှိ လေ့လာနိုင်စေရန် Online Platform များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချပေးလျက်ရှိပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။
View DetailsKo Hein Htike Soe
ကိုဟိန်းထိုက်စိုးသည် Content Creator, Digital Marketer အနေနဲ့ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး.. Burmese AI Studio ကို ဦးစီးနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်..။ Digital Marketing, Content Creation တွေနဲ့ပတ်သတ်ပြီး Experience များစွာရှိတဲ့ အပြင် AI ကိုလည်း စနစ်တကျ လေ့လာပြီး လက်တွေ့အသုံးချလျက်ရှိပါတယ်။ AI နဲ့ Digital Marketing ကိုပေါင်းစပ်ပြီး လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ဖို့ ကြိုးစားရင်း ယခု AI နဲ့ Photo တွေ Video တွေ ဖန်တီးနည်းသင်တန်းကို ပြုလုပ်ပေးလိုက်ပါတယ်။
View Details