Our Competent Lecturers

U Wai Lynn Aung

teacher

Tr. Wai Lynn Aung is the Founder and Principal of Wonder Education (fb.me/edu.wonder.mm), a language school with UK accredited TESOL/TEFL certified teachers teaching English language. He is also a certified English Teacher holding three bachelor degrees: BA in English from Yangon University of Distance Education, BE in Information Technology, and BTech in Information Technology from Thanlyin Technological University. Moreover, he is also working as a Manager at Yangon Stock Exchange. In 2019, he was awarded a scholarship sponsored by Daiwa-Myanmar Japan Foundation, and he studied Public Policy as a specially registered student at the University of Tokyo, Japan. Also in 2018, he attended a business training program by Daiwa Securities Group Inc. in Japan. He is always studying many literatures for his self-development and trying to teach high quality lectures to his students. Facebook: fb.me/wailynn8ung Linkedin: linkedin.com/in/wailynn8ung/ ဆရာဝေလင်းအောင်သည် Wonder Education ကို တည်ထောင်သူဖြစ်ပြီး ကျောင်းအုပ်အဖြစ် တာဝန်ယူလျက်ရှိပါသည်။ Wonder Education (fb.me/edu.wonder.mm) သည် UK နိုင်ငံ အသိအမှတ်ပြု အင်္ဂလိပ်စာသင်ကြားရေး အောင်လက်မှတ်ရ ဆရာ၊ ဆရာမများဖြင့် အင်္ဂလိပ်ဘာသာစကားကို သင်ကြားပေးနေသော ဘာသာစကားကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ဆရာသည် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ BA (အင်္ဂလိပ်စာ)ဘွဲ့၊ သန်လျင်နည်းပညာတက္ကသိုလ်မှ သုတနည်းပညာ (IT) ဘာသာရပ်ဖြင့် BE ဘွဲ့နှင့် BTech ဘွဲ့များကို ရရှိထားပြီး၊ UK အသိအမှတ်ပြု အင်္ဂလိပ်စာသင်ကြားရေး အောင်လက်မှတ်ရ အင်္ဂလိပ်စာဆရာတစ်ဦးလည်းဖြစ်ပါသည်။ ဒါ့အပြင် ရန်ကုန်စတော့အိတ်ချိန်း (fb.me/ysx.myanmar) တွင်လည်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် Daiwa-Myanmar Japan Foundation မှ ပညာတော်သင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် အထူးမှတ်ပုံတင်ထားသော ကျောင်းသားအဖြစ် Public Policy ပညာရပ်ကို လေ့လာသင်ယူခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင်လည်း Daiwa Securities Group Inc. မှ ပို့ချသော business training program ကို ဂျပန်နိုင်ငံတွင် သွားရောက် သင်ယူခဲ့ပါ သေးသည်။ ဆရာသည် မိမိကိုယ်ကို တိုးတက်အောင် အမျိုးမျိုးသောပညာရပ်များကို အစဉ်ကြိုးစား လေ့လာသင်ယူနေသူဖြစ်ပြီး၊ ကျောင်းသားများကိုလည်း High Quality သင်ခန်းစာများကို သင်ကြား ပေးနိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါသည်။

View Details

U Shwe Zan Aung

teacher

မင်္ဂလာပါ ကျွန်တော်နာမည်က ရွှေဇံအောင်ပါ။ Kingsman Photo Club ရဲ့ Owner လည်း​ဖြစ်ပါတယ်။ ကျွန်တော် ဒီ Wedding photo မှာရှိနေတာ ဆယ်စုနှစ်ကျော်နေပြီဆိုတော့ ရိုက်ခဲ့တဲ့ပွဲတွေလဲ ထောင်ကျော်နေပါပြီ။ အဲ့ထဲကမှာမှ ကြုံတွေ့ရတဲ့ အခက်အခဲတွေ မှားခဲ့တာတွေကို Sharing ပြန်လုပ်ပေးခြင်းပဲဖြစ်ပါတယ်။

View Details

U Thein Tun Oo

teacher

ဂျာမန်ဘာသာဘွဲ့လွန် ဒီပလိုမာကိုရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၂၀၀၅ ခုနှ စ်တွင်ရရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ထိ ဟိုတယ် နှင့် ခရီးသွားလာရေး၀န်ကြီးငှာန Tourist Information Center တွင် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ လိုင်စင်ရ ဂျာမန်ဧည့်လမ်းညွန်အဖြစ် လုပ်ကိုင်ခဲ့ ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ Road to Mandalay အပျော်စီးသင်္ဘောပေါ်တွင် ဂျာမန် အင်္ဂလိပ်ဝါရင့် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ လက်ရှိမှာ ဂျာမန် ဘာသာစကားသင်တန်းများ ပို့ချလျက် ရှိပါသည်။

View Details

U Aung Kyaw Hein

teacher

ဆရာသည် Mathematical Science ဖြင့် ကျောင်းပြီးထားပြီး ၂၀၁၇ ခုနှစ်တွင် Digital Marketing Professional Certificate ကို MIF မှ ရရှိထားပါသည်။ Digital Marketing Diploma ကို ၂၀၁၈ ခုနှစ်တွင် Blackbin Myanmar မှ ရရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် edx မှ Digital Marketing Diploma ရရှိထားပါသည်။ လက်ရှိတွင် Consumer Products များ၊ Online Shopping များအား Freelancer အဖြစ် လုပ်ဆောင်လျက် ရှိပါသည်။

View Details

Daw Thuzar Win

teacher

ဆရာမ ဒေါ်သူဇာဝင်းသည် Focus Accounting & Computer Training Center ကို ဖွင့်လှစ်ထားပြီး ကွန်ပျူတာဘာသာရပ်များ၊ စာရင်းကိုင်ပညာရပ်ဖြစ်သော LCCI Level I, II, III ဘာသာရပ်များကို စာမေးပွဲအောင်သည်အထိ တာဝန်ယူ သင်ကြားပေးပါသည်။ B.A(Eco), Dagon University LCCI Level II(Certificate in Bookkeeping and Accounts) LCCI Level III(Diploma in Accounting and Finance (UK)) Diploma in Financial Accounting (DFAc, Ygn) Diploma in International Financial Reporting (DipIFR) စသည့် သင်တန်းများကို တက်ရောက်ခဲ့ပါသည်။

View Details

U Kyaw Min Oo

teacher

ဆရာကျော်မင်းဦးသည် B.A. (History) ဖြင့်ဘွဲ့ရရှိခဲ့ပြီး Mobile ဖုန်းနှင့်ပတ်သက်သော ပညာရပ်များကို ဆယ်နှစ်ကျော်လေ့လာဆည်းပူးခဲ့ကာ PT Mobile Trading နာမည်ဖြင့် ၂၀၁၅ ခုနှစ်မှ ယခုအထိ Mobile Phone Hardware Software Service ဆိုင်နှင့်အတူ Mobile Phone Hardware Software သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy