Our Competent Lecturers

Daw Aye Myat Mon @ Coach Mon Lay

teacher

ဆရာမ အေးမြတ်မွန်ကို (၁၉၉၀) ခုနှစ် မေလ တွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် BA (French) (YUFL) ဘွဲ့ရရှိခဲ့ပါသည်။ Lincoln University မှ Diploma in Business Administration ဘွဲ့ရရှိခဲ့ပြီး (၂၀၁၄) ကနေ (၂၀၂၀) ခုနှစ် အထိ ဝန်ထမ်းဘ၀နဲ့ တွဲဖက်ပြီး Online business ကို လုပ်ကိုင်ခဲ့ရာ ယနေ့အချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုအဖြစ် Online Business ကို လုပ်ကိုင်နိုင် နေသူဖြစ်နေပါသည်။ ထို့အပြင် Reseller များကိုပါ Training ပြန်ပေးနေသည့် Coach Monlay တစ်ယောက်အဖြစ်လည်း အသက်မွေး၀◌မ်းကျောင်း ပြုနေပါသည်။

View Details

Daw Thandar Kyaw

teacher

I’m Thandar Kyaw. I’m an enthusiastic instructor in my field. I got my Bachelor’s Degree in 2009 from Taunggyi University and my Master Degree in 2011 from Mandalay. I worked as a primary teacher for about six years and in 2017, I started working at the University of Computer Studies, Mandalay. I started platform teaching in 2019. Throughout my career, I have collaborated with various e-learning platforms, continuously adapting my teaching style to cater to evolving technological trends and student needs. As a lifelong learner myself, I keep abreast advancements, ensuring my courses remain cutting-edge and relevant. I usually spent my free time on reading many kinds of books, writing Contents about my class, these days, using AI tools as far as I know.

View Details

Tester

teacher

သင်ခန်းစာ Video များအား စမ်းသပ်လေ့လာလိုသူများအတွက်

View Details

Tr. Ariel (Digital Aries)

teacher

တီချယ်သည် BA English နဲ့ဘွဲ့ရရှိထားပြီး YUE မှာ MPA ( Thesis Candidate) ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ MBA (Executive Level) ကိုတက်ရောက်နေပါတယ်။ Thailand Leading Digital News Company မှာ Digital Marketing & Content Editing လုပ်ဆောင်နေပါတယ်။ Digital Marketing Experience ကို လုပ်ငန်းအတွေ့အကြုံ (၃) နှစ်ကျော်ရှိပြီး ရန်ကုန်မြို့ရှိ Well Known Language School အတွက်လည်း Marketing Head အနေနဲ့ ပူးတွဲလုပ်ဆောင်နေပါတယ်။ Freelance Digital Marketer အနေနဲ့ လုပ်ငန်းပေါင်း (၁၀၀) ကျော်ကို ဝန်ဆောင်မှုပေးထားပါတယ်။ Hotel Industry, Education, Cosmetics & Jewellery Industry များအတွက် Digital Marketing Consultation လုပ်ပေးထားဖူးပါတယ်။ Digital Marketing Agency တစ်ခုမှာ Co founder အနေနဲ့တာဝန်ယူထားပါတယ်။ International Programs such as GED & IGCSE များအတွက် Program coordinator လုပ်ပေးနေပါတယ်။ FB Marketing, Tik Tok, LinkedIn, SEO, SEM များနဲ့ပတ်သက်၍ One on One Couching လည်းပေးနေပါတယ်။ Google & HubSpot ကပေးတဲ့ Certified Social Media ရရှိထားပါတယ်။

View Details

U Phone Pyae Sone Oo

teacher

ဆရာ ဘုန်းပြည့်စုံဦး THE BURMESE CONTENT ရဲ့ Founder & Content Specialist တစ်ဦးဖြစ်ပါတယ်။ ဆရာသည် (၂၀၁၉) ခုနှစ်ကနေစပြီး Review by Phone Khit Tshin အနေနဲ့ တစ်နှစ်ကျော်ကြာ စာညွှန်း Blog တွေရေးခဲ့ပြီး လက်ရှိမှာ Freelance Content Specialist & Digital Marketer အဖြစ် ရပ်တည်နေပါတယ်။ Basic Content & Copywriting Online Course များ ၊ Content Marketing Course တွေကို (၂၀၂၀) ခုနှစ်ကနေ စတင်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား (၆၀၀) ဦးကျော်ကို သင်ကြား‌ပေးခဲ့ပြီးဖြစ်ပါတယ်။ Local & International Organization တွေနဲ့ အခြား Online Class တွေအတွက်လည်း Guest Trainer, Motivational Speaker အဖြစ် ရက်တို Content Training သင်တန်းပေးခဲ့တဲ့အတွေ့အကြုံတွေ ရှိထား ပြီး ၊ နိုင်ငံတကာမှ Content နှင့် Facebook Marketing ဆိုင်ရာ Course (၁၃) ခုခန့် လေ့လာပြီးစီးထားပါတယ်။ လက်ရှိမှာတော့ PROEKO Marketing Co,,Ltd ရဲ့ Managing Director & CEO အနေနဲ့တာဝန်ယူလုပ်ဆောင်နေပြီး ၊ Freelance Project Manager အဖြစ်လည်းကောင်း ၊ Freelance Host အဖြစ်လည်းကောင်း ၊ Digital Marketer အဖြစ်လည်းကောင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ အပြင် Online/ Offline Content Marketing & Personal Development သင်တန်းများစီစဉ်ဆောင်ရွက်နေပါတယ်။

View Details

Daw Khin Phyu Phyu Linn

teacher

ဆရာမ ဒေါ်ခင်ဖြူဖြူလင်း သည် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ BA (French) နှင့် ၂၀၁၈ ခုနှစ်တွင် MA (French) ဘွဲ့ ရခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ စပိန်ဘာသာစကား အခြေခံသင်တန်း (၁) နှင့် (၂) အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် Universidad del Rosario မှ Diploma in Spanish သင်တန်း တက်ရောက် အောင်မြင်ခဲ့သည်။ ထို့နောက် စပိန်နိုင်ငံ Universidad del País Vasco တွင် ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာသင်တန်းတက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် MA (Theoretical and Experimental Linguistics) ဘွဲ့ရခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ထိုတက္ကသိုလ်တွင်ပင် ပါရဂူဘွဲ့သင်တန်း ဆက်လက်တက်ရောက်နေပြီး ယခုအခါ တတိယနှစ်တွင် ပညာဆည်းပူးလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ ပြင်သစ်ဘာသာစကားသင်ကြားပို့ချပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ စပိန်ဘာသာ စကားပါ စတင်သင်ကြားခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် Language by Linn (YouTube Channel) နှင့် ၂၀၂၁ ခုနှစ်တွင် Mi Español (Facebook Page) တို့ကိုဖွင့်၍ ပြင်သစ်ဘာသာစကားနှင့် စပိန်ဘာသာစကားဆိုင်ရာ Knowledge Sharing များကို စဉ်ဆက်မပြတ်ပို့ချပေးလျက်ရှိပါသည်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy