
Daw Khin Phyu Phyu Linn
300
About me
ဆရာမ ဒေါ်ခင်ဖြူဖြူလင်း သည် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ BA (French) နှင့် ၂၀၁၈ ခုနှစ်တွင် MA (French) ဘွဲ့ ရခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ စပိန်ဘာသာစကား အခြေခံသင်တန်း (၁) နှင့် (၂) အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် Universidad del Rosario မှ Diploma in Spanish သင်တန်း တက်ရောက် အောင်မြင်ခဲ့သည်။ ထို့နောက် စပိန်နိုင်ငံ Universidad del País Vasco တွင် ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာသင်တန်းတက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် MA (Theoretical and Experimental Linguistics) ဘွဲ့ရခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ထိုတက္ကသိုလ်တွင်ပင် ပါရဂူဘွဲ့သင်တန်း ဆက်လက်တက်ရောက်နေပြီး ယခုအခါ တတိယနှစ်တွင် ပညာဆည်းပူးလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ ပြင်သစ်ဘာသာစကားသင်ကြားပို့ချပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ စပိန်ဘာသာ စကားပါ စတင်သင်ကြားခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် Language by Linn (YouTube Channel) နှင့် ၂၀၂၁ ခုနှစ်တွင် Mi Español (Facebook Page) တို့ကိုဖွင့်၍ ပြင်သစ်ဘာသာစကားနှင့် စပိန်ဘာသာစကားဆိုင်ရာ Knowledge Sharing များကို စဉ်ဆက်မပြတ်ပို့ချပေးလျက်ရှိပါသည်။
Level-up Your Career
Courses by Daw Khin Phyu Phyu Linn