Introduction to Spanish (A1.1)
2 students enrolled in this course
50000 MMK
30000 MMK
Get access to all videos in this course
Purchase this course Add to wishlist၂၀၂၂ ခုနှစ် စစ်တမ်းအရ စပိန် ဘာသာစကားကို မိခင် ဘာသာစကားအဖြစ်ပြောသူ 474.7 Million နဲ့ ဒုတိယ ဘာသာစကား (သို့မဟုတ်) နိုင်ငံခြား ဘာသာစကားအဖြစ်ပြောဆိုသူ 100 million ရှိပါတယ်။ အဲဒါကြောင့် စပိန်ဘာသာစကား တတ်မြောက်ထားရင် စပိန်နိုင်ငံ၊ ဥရောပနဲ့ အမေရိကကို ခရီးထွက် တဲ့အခါ၊ ကျောင်းသွား တက်တဲ့အခါ၊ အလုပ်သွားလုပ်တဲ့အခါ ကိုယ့်အတွက် အများကြီးအဆင်ပြေပါတယ်။ စပိန်နိုင်ငံက ဘာသာ စကား၊ ယဉ်ကျေးမှုအနုပညာ၊ သမိုင်းကြောင်းခိုင်မာတဲ့ဥရောပနိုင်ငံတွေထဲကတစ်ခုမလို့ စပိန်ဘာသာစကား တတ်ထားတဲ့သူက Master key ရှိထားသလိုပါပဲ။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- အခြေခံပညာ အထက်တန်းအဆင့်
About lecturer
ဆရာမ ဒေါ်ခင်ဖြူဖြူလင်း သည် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ BA (French) နှင့် ၂၀၁၈ ခုနှစ်တွင် MA (French) ဘွဲ့ ရခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ စပိန်ဘာသာစကား အခြေခံသင်တန်း (၁) နှင့် (၂) အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် Universidad del Rosario မှ Diploma in Spanish သင်တန်း တက်ရောက် အောင်မြင်ခဲ့သည်။ ထို့နောက် စပိန်နိုင်ငံ Universidad del País Vasco တွင် ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာသင်တန်းတက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် MA (Theoretical and Experimental Linguistics) ဘွဲ့ရခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ထိုတက္ကသိုလ်တွင်ပင် ပါရဂူဘွဲ့သင်တန်း ဆက်လက်တက်ရောက်နေပြီး ယခုအခါ တတိယနှစ်တွင် ပညာဆည်းပူးလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ ပြင်သစ်ဘာသာစကားသင်ကြားပို့ချပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ စပိန်ဘာသာ စကားပါ စတင်သင်ကြားခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် Language by Linn (YouTube Channel) နှင့် ၂၀၂၁ ခုနှစ်တွင် Mi Español (Facebook Page) တို့ကိုဖွင့်၍ ပြင်သစ်ဘာသာစကားနှင့် စပိန်ဘာသာစကားဆိုင်ရာ Knowledge Sharing များကို စဉ်ဆက်မပြတ်ပို့ချပေးလျက်ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings