Our Competent Lecturers

U Yan Lin Paing

teacher

ဆရာ ရန်လင်း သည် ၁၉၉၀ ခုနှစ် မတ်လ တွင် ဒလမြို့ ၌ မွေးဖွားခဲ့သည်။ B.E(Electronics) ဘွဲ့ကို ရရှိခဲ့ပြီး မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ များ ဆက်လက်တတ် ရောက်ခဲ့ပါသည်။ Embedded System Design များ ရေးဆွဲရာတွင် အကြံပေးခြင်းနှင့် Program ရေးဆွဲပေးခြင်း၊ ပြည်ပတွင် Electronic နှင့် ပတ်သတ်သော certificate သင်တန်း များတတ်ရောက်လျှက်ရှိသော သင်တန်းသားများ၏ Embedded System နှင့် ပတ်သက်သော subject များကို ကူညီဖြေရှင်း ပေးခြင်း၊ ပြည်တွင်း တွင် Embedded System နှင့် ပတ်သက်သော Project များအား ကူညီဆောင်ရွက် ပေးခြင်းတို့ကို လုပ်ကိုင် လျက်ရှိပါသည်။ Embedded C Programming with PIC16F887 Volume-1 နှင့် Volume-2 တို့ကို ရေးသားထုတ်ဝေထားပါတယ်။

View Details

Bruce Aung

teacher

Bruce Aung သည် အင်္ဂလိပ်ဘာသာစကား နှင့် တိုက်ခိုက်‌ရေး နဲ့ပါတ်သက်သော Content ကိုဖန်တီးသော Content Creator တစ်ယောက်ဖြစ်ပါသည်။ မြန်မာဘာသာစကား နှင့် အင်္ဂလိပ်ဘာသာစကား နှစ်ခုကြား ဘာသာပြန်၊ စကားပြန်လည်း ဖြစ်ပါသည်။

View Details

U Ko Ko Linn

teacher

ဆရာကိုကိုလင်းဟာ ပြည်တွင်းသာမကပြည်ပမှာလည်း အစားသောက်နဲ့ပါတ်သက်ပြီး လုပ်သက် နှစ် (၃၀) ခန့် အတွေ့ကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ စားဖိုမှူးဘဝကို နှစ်ပေါင်းများစွာကျင်လည်ပြီးတဲ့ နောက် စားသောက်ဆိုင် အကြံပေးလုပ်ကိုင်နေသူဖြစ်ပါတယ်။ ယခုအချိန် ရန်ကုန်ရှိ နာမည်ကြီး ဆိုင်များစွာ အပါအဝင် တစ်ခြားမြို့အထိ စားသောက်ဆိုင်အကြံပေးအဖြစ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်လှစ်ဖို့အတွက် အရင်းနှီးကြီးလှပါတယ်။ တစ်ချို့ စားသောက်ဆိုင်များ ရောင်းရပြီး အမြတ်မတွေ့ တစ်ချို့ဆိုင်မှာ မီနူးအပြောင်းလဲမလုပ်၊ အပြောင်းအလဲလုပ်သော်လည်း စားသုံးသူအကြိုက်မတွေ့ ဤပြဿနာကိစ္စအားလုံးကို စားသောက်ဆိုင် နှင့်ပါတ်သက်ပြီး သင်ခန်းစာကို ကြည့်ရှုလေ့လာခြင်းဖြစ် သင့်စားသောက်ဆိုင်အောင်မြင်စေသော သော့ချက်ကို တွေ့ရှိမည်ဖြစ်ပါတယ်။ စားသောက်ဆိုင်ဖွင့်လိုသူများနှင့် စားသောက်ဆိုင် ဤထက်မက အောင်မြင်စေရန်အတွက် အကြံဉာဏ်များလည်းရယူနိုင်ပါသည်။ ထို့ပြင်စားသောက်ဆိုင်ရှိ မီနူးများပြင်ဆင်လိုလျှင် ဆိုင်အထိ စားဖိုမှူးများကို အနီးကပ်လာရောက်သင်ကြားပေးပါတယ်။ ဤသင်တန်းသည် စားသောက်ဆိုင်လုပ်ငန်းများအတွက် အထူးရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ သင်တန်းအပ်သူများအတွက် အထူးအခွင့်ရေးအနေဖြစ် မိမိကြုံတွေ့ရသော ပြဿနာ အခက်အခဲများကို Viber မှတစ်ဆင့် ဆရာကိုကိုလင်း (စားသောက်ဆိုင်အကြံပေး) အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

View Details

Ko Nyein Maung

teacher

ဆရာငြိမ်းမောင် (ကျနော်အရောင်းသမား) သည် sales & marketing နယ်ပယ်တွင် (၁၅)နှစ်နီးပါး ကျင်လည်လုပ်ကိုင်ခဲ့ဖူးပြီး Sales Manager, Marketing Manager, Market Manager မှသည် CMO အဖြစ်ထိ လုပ်ကိုင်ခဲ့ပါသည်။ ဖြန့်ချီရေးနှင့် အီလတ်ထရောနစ် ပစ္စည်းများ ရောင်းချခြင်းနှင့် ဖြန့်ချီခြင်းကို အဓိက လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ယခုအခါ sales & Marketing Consultant အဖြစ် လုပ်ငန်းများကို ကူညီပေးနေပြီး အရောင်းပိုင်းဆိုင်ရာများအတွက် စာသင်ကြားပေးခြင်း၊ Corporate Training များ သင်ကြားခြင်းများ ပြုလုပ်ပေးနေပါသည်။

View Details

U Kyaw Htun Linn

teacher

ဆရာ ဦးကျော်ထွန်းလင်းသည် Royal S7 Engineering Co., Ltd. နှင့် Telecom Engineering Training Center တို့၏ Founder နှင့် Chief Trainer တစ်ဦးဖြစ်ပြီး IQ Tech Telecom & Network Solution ၏ CEO လည်း ဖြစ်ပါသည်။ ပညာအရည်အချင်းအနေဖြင့် တောင်ငူနည်းပညာတက္ကသိုလ် (TU Taungoo) မှ Electrical Engineering နှင့် ပဲခူးတက္ကသိုလ်မှ B.Sc. (Physics) အထူးပြု ဘာသာရပ်တို့ကို ရရှိထားပါသည်။ ထို့အပြင် EIU Paris မှ MBA (General Management) ဘွဲ့ကို ရရှိထားပြီး ပြည်တွင်း၌ Professional Business Coach နှင့် NLP Trainer တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။ လုပ်ငန်းခွင်အတွေ့အကြုံအနေဖြင့် Telecom Industry တွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း (၁၅) နှစ်တိုင်တိုင် Project Manager ရာထူးဖြင့် ကိုယ်တိုင်ဦးဆောင် တည်ဆောက်ခဲ့ပြီး Fiber Optic Cable စက်ရုံမှူး အတွေ့အကြုံ လည်း ရှိခဲ့ပါသည်။ ထိုကာလများအတွင်း MPT, Atom, U9, MFOCN နှင့် Eager စသည့် ကုမ္ပဏီများ၏ ပြည်တွင်းစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုများအနေဖြင့် Fiber to the home (FTTH) Technology အပိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော FTTH Council EURO ၏ အာရှပထမဦးဆုံး Pioneer Batch သို့ သွားရောက် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် Fusion Splicer နှင့် Fiber Optic Testing နည်းပညာများကို တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း နှင့် ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများရှိ Fujikura, Sumitomo, EXFO နှင့် Vina OFC စသည့် ပါတနာကုမ္ပဏီများနှင့် ကျွမ်းကျင်ဆရာများထံတွင် ကိုယ်တိုင်လေ့လာသင်ယူခဲ့ပြီး ပြည်တွင်းတည်ဆောက်ရေး အတွေ့အကြုံများဖြင့် ပေါင်းစပ်ဖန်တီးထားပါသည်။ ဆရာသည် ကိုယ်တိုင်လေ့လာဆည်းပူးခဲ့သော Fiber Optic Technology များ၊ လုပ်ငန်းခွင်နှင့် စီးပွားရေးအတွေ့အကြုံများကို ပေါင်းစပ်ကာ စနစ်ကျသောသင်ရိုးများ ရေးဆွဲ၍ ၂၀၁၉ ခုနှစ်မှ စတင်ပြီး Telecom Engineering ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ (In Person & Online) သင်ကြားပို့ချပေးခဲ့ပါသည်။ ယနေ့အထိ ပြည်တွင်း ပြည်ပနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းခွင်ဝင်လူငယ်များ၊ နည်းပညာ ကျောင်းသားများ၊ တယ်လီကွန်းကျွမ်းကျင်သူများနှင့် အင်တာနက် ဝန်ဆောင်မှု (ISP) စွန့်ဦးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အချို့မှာ ကိုယ်ပိုင်လုပ်ငန်းရှင် များအဖြစ် အောင်မြင်စွာ ရပ်တည်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံအနှံ့ရှိ လုပ်ငန်းရှင် ဖြစ်ချင်သော လူငယ်လူလတ်များစွာကိုလည်း FTTH ISP Business အတန်းများ ဖွင့်လှစ်မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါတွင် အနာဂတ်လူငယ်များ Telecom နည်းပညာများကို စနစ်တကျ လေ့လာနိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် လူငယ်စွန့်ဦးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် အထူးရည်ရွယ်ချက်ဖြင့် L2E သင်တန်းစတိုး Online Education Platform တွင် ပါဝင်အားဖြည့် သင်ကြားပေး လျက်ရှိပါသည်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy