Our Competent Lecturers

U Kyaw Phyo Naing

teacher

ဆရာသည် ၁၁ရက်၊စက်တင်ဘာလ၊၁၉၉၈ ခုနှစ်တွင်မွေးဖွားပြီး ၂၀၁၈ ခုနှစ်တွင် BA(Geog) ဖြင့်ဘွဲ့ ရခဲ့ပါသည်။ဓာတ်ပုံပညာရပ်ကို ၆ တန်းကျောင်းသားကတည်းကပင် စတင်သင်ကြားခဲ့ပါသည်။ယခုတွင် LWT- Studio အမည်ဖြင့်ကိုယ်ပိုင် Photo Studio တစ်ခုကိုဖွင့်လှစ်ထားပါသည်။ဓာတ်ပုံနှင့်ပက်သက်သောသင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ဓာတ်ပုံနည်းပညာစာအုပ်များကိုလည်း ရေးသားထုတ်ဝေထားပါသည်။ဒါ့အပြင်သင်တန်းသားတစ်ထောင်ကျော်ကို Online ကနေသင်ကြားပေးလျှက်ရှိပါသည်။

View Details

U Kaung Myat Thu

teacher

ဆရာကောင်းမြတ်သူသည် ဓါတ်ပုံနှင့် ပတ်သက်သော ဗဟုသုတများကို Knowledge Sharing လုပ်ပေးတဲ့ “ဓါတ်ပုံဝါသနာရှင်တစ်ယောက်” Facebook Page ရဲ့ Founder ဖြစ်ပါတယ်။ Industry အတွေ့အကြုံအနေနဲ့ Nikon, Canon, Fujifilm, Sony, Lumix, Sigma, Viewsonic, Samsung, Oppo, iSure, Kase စသည့် Brand များဖြင့် တွဲဖက်အလုပ်လုပ်ဖူးခဲ့ပါတယ်။၂၀၁၇ တွင် Nikon School Myanmar ရဲ့ ပထမဆုံး Photography Instructor အနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ၂၀၁၈ တွင် ကိုယ်ပိုင် Production အနေနဲ့ REDcord Production ကိုစတင်တည်ထောင်ခဲ့ကာ ၂၀၁၈ Influencer of the Year Award ကို Video Creator Category မှာဆွတ်ခူးရရှိခဲ့ပါတယ်။၂၀၁၉ တွင် Ministry of Hotel & Tourism နဲ့ ပူးပေါင်းကာ မြန်မာပြည်အနှံ Video ရိုက်ကူးရေးများ ပြုလုပ်ခဲ့ပြီး၊ ၂၀၂၀ တွင် Camera Academy Myanmar အွန်လိုင်းသင်တန်းကျောင်းကို စတင်တည်ထောင်ခဲ့ပါတယ်။ ယခုအချိန်တွင် Social Influencer, Video Creator, Educator, Freelancer တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။

View Details

U Min Thant Ko

teacher

ဆရာမင်းသန့်ကို (ကိုဂိ)သည် ဓါတ်ပုံအတွေ့အကြုံ ၁၀နှစ်ခန့်ရှိပြီး၊ဓါတ်ပုံလောကထဲမဝင်ရောက်ခင်က Computer IT and Network Technician / Graphic Designer အဖြစ်အလုပ်လုပ်ခဲ့ကာနောက်ပိုင်းတွင် Click Tech Group, Click Art Creation, CAC.tv, CAC.edu, The Burmese Geek စသည်တို့ကို တည်ထောင်ခဲ့သူဖြစ်ပြီး Camera Academy Myanmar, (လှယဉ် - Hla Yin) The Untold Stories of us နဲ့ Alive Production တို့ရဲ့ Co-Founder တစ်ဦးဖြစ်ပါသည်။Sony, Canon, Fujifilm, Aputure, SIGMA, Digitek, ViewSonic နှင့် Synology စတဲ့Brand များနဲ့တွဲဖက်အလုပ်လုပ်ခဲ့ဖူးပြီး၊ကင်မရာတစ်လုံးကို အသေးစိတ်ကျကျလေ့လာသုံးစွဲကာ Social Media မှ Cinematography, Camera နဲ့ Photography Review Videos များကိုအလျဉ်းသင့်သလို မျှဝေပေးလျက်ရှိပါတယ်။ယခုအခါ Commercial ,Social ,Portrait ဓါတ်ပုံရိုက်ကူးခြင်း၊ဓါတ်ပုံသင်တန်းများကို Online သာမက One on One သင်ကြားခြင်း၊Freelance Photo Retouch Service ပြုလုပ်ခြင်းစတဲ့အလုပ်အကိုင်များဖြင့် အသက်မွေးလျက်ရှိပါသည်။

View Details

Tr. Mora

teacher

ကျွန်မနာမည် Mora ပါ။ ၁၉၉၈ ခုနှစ်ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဥပဒေပညာရပ်နဲ့ Dagon University ကနေဘွဲ့ရထားပြီး Commercial Law ကို Master တက်ရောက်လျက်ရှိနေပါတယ်။ လက်ရှိမှာတော့ Senior Business Advisor အနေနဲ့ရော Trader အနေနဲ့ပါ Forex Field မှာ လုပ်ကိုင်လျက်ရှိပါတယ်။

View Details

Daw Nang Phone Kyaut @ ဖိန့်ဖိန့် လောင်ဆစ်း

teacher

ဆရာမ ဖိန့်ဖိန့် သည် Chinese High School Graduate ဖြစ်ပြီး တရုတ်နိုင်ငံ University of Yunnan မှ Dip:in Chinese Language & Culture Chinese Teacher Certificate ကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ပါသည်။ HSK-LEVEL6 Certificate နှင့်အတူ Chue Chue Chinese Language Center ရဲ့ Trainer & Founder တစ်ယောက်ဖြစ်ပြီး စာသင်အတွေ့အကြုံ ၁၅ နှစ် ရှိပြီဖြစ်ပါသည်။

View Details

Tr. Phyu @ Jisell

teacher

ဆရာမကတော့ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲရရှိထားသူ တစ်ဦးဖြစ်ပြီး ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie) DELF A2, B1 level အောင်မြင် ထားသူလည်းဖြစ်ပါတယ်။ သင်ကြားရေးဆိုင်ရာ အတွေ့အကြုံ (၂) နှစ်ကျော်ရှိပြီဖြစ်ပြီး အခုလက်ရှိ ပြင်သစ်စာ အခြေခံနှင့် အခြားအတန်းများကို One on One Class ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ “French it Up “ page တွင်လဲ ပြင်သစ်စာနှင့်ပတ်သက်သော ဗဟုသုတများ၊ အသုံးအနှုန်းများ၊ သဒ္ဒါ များကို မျှဝေပေးလျက်ရှိပါတယ်။ ယခု သင်ကြားပိုချပေးမယ့်အတန်းလေးကတော့ French A1.1 class ပဲဖြစ်ပါတယ်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy