Our Competent Lecturers

U Kaung Min Khant

teacher

ဆရာသည် Amazing Design Studio, Amazing Marketing Agency နဲ့ Amazing College ရဲ့ Founder ဖြစ်ပါတယ်။ Graphic Designer အနေနဲ့ ရပ်တည်ခဲ့တာဆိုရင်တော့ ၇ နှစ်‌ကျော်ရှိပါပြီ။ ထိုင်းကုမ္ပဏီ တစ်ခုမှာ Freelance Senior Graphic Designer တစ်ယောက်အနေနဲ့ လုပ်ကိုင်ဖူးခဲ့ပြီး အခြား Agency တွေမှာလဲ Freelance လုပ်ကိုင်ခဲ့ ပါတယ်။

View Details

Thompsam Thet Paing

teacher

Mr.THOMPSAM THET PAING Director / Founder REFLEXION CREATIVE ACADEMY Education History Bachelor of Science (B.Sc., Hons) - Specializing in Film Technology Oxford Brookes University, UK (2009 - 2012) International Advanced Diploma in 3D Animation Technology INFORMATICS Academy, Singapore (2014 - 2015) International Diploma in Game Development and 3D Animation INFORMATICS Academy, Singapore (2013 - 2014) Diploma in Information Technology IT (2005 - 2006) National Centre For Human Resource Development (NCRC) Diploma in Software Engineering (2003 - 2005) Ncc Education, KMD Computer Centre, Yangon Diploma in Computer Study (2001 - 2002) Botahtaung Computer College, Yangon Career History IT Technician: Aide Medicale International (Myanmar) (Aug 2002 to Sep 2004) IT Programmer: KMD Head Office, Yangon (Myanmar) (Dec 2004 to Feb 2006) 3D/2D Jewelry Designer: JCM Yangon (Myanmar) (April 2006 to July 2009) Visual Effect Supervisor |Producer (2013 - 2016) Rocket Media Corner Blk 164 Kallang Way #06-31, (Singapore) Founder , Director , Instructor (2016-2020) REFLEXION Creative Academy, East Horse Course Road, Yangon Skill Producer, Directing, Editor, Colorist, Cinematography, VFX, 3D Compo, 2D Animation, Game Development, Motion Graphic, Concept Design, Script Development, Digital Drawing, Storyboarding, Production Management, Film Solution Provider, Film Tech Technician, Post Production, Training Instructor, Film Development, Visual Reality, VR/AR/AI

View Details

Daw Shun Lei Phyo

teacher

ဆရာမရွှန်းလဲ့ဖြိုးကို ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် B.C.Sc (Computer Science) ဘွဲ့ ရရှိခဲ့ပါသည်။ International Digital Marketing Course at True Digital Academy နှင့် Digital Marketing & Advertising at National Management Academy တို့မှ Content Creation ပညာကို သင်ယူတတ်မြောက်ပြီး သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ Professional Senior Content Creator တစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုနေသူပါ။ Digital Marketing နှင့် Media နယ်ပယ်တွင် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် Content Writer ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှမှ ၂၀၂၃ ခုနှစ်အထိ Freelance Presenter / Host အနေဖြင့်သော်လည်းကောင်း၊ Freelance Content Writer နှင့် Program Creator အနေဖြင့်သော်လည်းကောင်း၊ Media လောကနှင့် Digital Field မျိုးစုံတို့တွင် ကျင်လည်လုပ်ကိုင်ခဲ့ပါသည်။ ဆရာမဖန်တီးထားသည့် Content Creation များ၊ Program Creation များထဲက Program အများစုသည် Trending ဖြစ်ပြီး သူ့အချိန်အခါနှင့်သူ လူကြိုက်များသည့် Content Creations များ ဖြစ်ခဲ့ပါသည်။ ဆရာမရွှန်းက လက်ရှိ International Media Company ကြီးတစ်ခု၌ Senior Content Creator တစ်ယောက်အနေဖြင့် Social Media ပိုင်း၊ Content ပိုင်း၊ Program Management ပိုင်းနှင့် Presenting ပိုင်းတွေမှာပါ တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး သူမ၏ အားလပ်ရက်များတွင် Content field ထဲကို စတင်ဝင်ရောက်ချင်သူတွေအတွက် ကိုယ်တတ်ကျွမ်းထားသည့်ပညာရပ်ကို အိတ်သွန်ဖာမှောက် သင်ကြားပေးနေသူဖြစ်ပါသည်။ L2E Myanmar ၏ Content Creation Course တွင် Content Writer လောကထဲကို စတင်ခြေလှမ်း ချင်တဲ့သူတွေအတွက် လိုအပ်သည့်သင်ခန်းစာများ၊ Professional Content Creator သမား တစ်ယောက် သိသင့်သည့်အချက်များအပြင် တကယ့်အပြင် Digital Marketing လုပ်ငန်းခွင်က Content သမားတစ်ယောက်၏ အတွေ့အကြုံများကိုပါ Sharing လုပ်ပေးသွားဦးမှာ ဖြစ်ပါသည်။

View Details

Daw Honey San Tun

teacher

တီချယ်ဟန်နီကတော့ ၂၀၁၇ ခုနှစ်မှ ရန်ကုန်တက္ကသိုလ် COE တန်းမှာ Computer Science မေဂျာကို တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်ရှိသော ဘူဆန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ( Busan University of Foreign Studies BUFS ) သို့ Full Scholarship ဖြင့် သွားရောက် ပညာသင်ယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ BUFS University မှ ICT Natural Language Processing မေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ကိုရီးယားစာလေ့လာသင်ယူသက်တမ်းမှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ကိုရီးယားနိုင်ငံသားများကို မြန်မာစာသင်ကြားပေးခြင်းအပြင် Naver Dictionary Myanmar to Korea Project, EBS Radio Host, Southeast Asia Youtube Video Projects စတဲ့ Project Activities များစွာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ယခုလက်ရှိမှာကတော့ HoneyChim Korean Language Center သင်တန်းကျောင်းရဲ့ Founder & Main Instructor အနေနဲ့ Online Zoom Classes, Offline Classes & Video Classes များတွင် သင်တန်းသား အယောက်ပေါင်း ၁၀၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်ရှင့်။ Honey Chim Korean Language Center ဟာဆိုရင် လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်တဲ့ 2022 Educational Affair ပွဲမှာလဲ ပါ၀င်ခဲ့ပြီး ယခုဆိုရင် သင်တန်းသူ / သား များစွာ မွေးထုတ်ပေးနေတဲ့ ၃နှစ် တာကာလထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်ရှင့်။ L2E Myanmar ရဲ့ Korean Video Classes Course တွေမှာလဲ ကိုရီးယားစာကို အခြေခံမှစ သင်ကြားတက်မြောက်လိုသူများအတွက် စနစ်တကျ အခြေခံခိုင်ခိုင် သင်ကြားနိုင်ဖို့နှင့် ဆရာမနဲ့ အနီးကပ် တစ်ယောက်တည်း Face to Face သင်ကြားနေသလို ဖြစ်အောင် Quality Video Classes များကိုလဲ ရှေ့လျှောက် အများကြီး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

View Details

U Zarni Kyaw

teacher

Zarni ဟာ Multi-Instrumentalist ဖြစ်ပြီး Guitar, Drum နဲ့ Bass များကိုတီးခတ်သူဖြစ်ပါတယ်။ဂစ်တာတီးလာတဲ့ နှစ် ၂၀ ကျော်ကာလအတွင်းမှာအမြဲလေ့လာသင်ယူနေပြီး သင်ဆရာ၊ကြားဆရာများစွာရဲ့ မတူညီတဲ့ဂီတအယူအဆတွေကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။Notes အရေးအဖတ်ကိုသူနားလည်သလိုသင်တန်းသားများတတ်မြောက်အောင် အလွယ်ကူဆုံးလေ့ကျင့်ခန်းများနဲ့ပြသပေးပါတယ်။သူ့ရဲ့ဂစ်တာသင်တန်းများမှာ နည်းစနစ်တကျနဲ့အခြေခံကိုအဓိကထားသင်ကြားမှုမှာ အားသာသူလည်းဖြစ်ပါတယ်။ Multi-Instrumentalist ဖြစ်လို့ သင်တန်းသားတွေကိုလည်း မတူညီတဲ့ရှုထောင့်တွေကနေ ရှုမြင်နိုင်အောင်သင်ကြားပေးလေ့ရှိပါတယ်။Zarni ဟာ ဂစ်တာတီးသင်ကြမယ် Facebook Page ကိုတည်ထောင်သူလည်းဖြစ်သလို Zarni Guitar (YouTube Channel)မှာလည်း ဂစ်တာ Lesson များနဲ့ ဂစ်တာဝါသနာရှင်များအတွက်ပြသပေးနေသူလည်းဖြစ်ပါတယ်။

View Details

Daw Hsu Myat Myo

teacher

တီချယ်သည်ထိုင်းဘာသာစကားကို သင်ကြားပေးနေတာ ၄နှစ်နီးပါရှိပါပြီ။ Program အမျိုးမျိုးကနေ မျှဝေသင်ကြားပေးနေသလို By One သင်တန်းသားများကိုလည်း လေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့တာ ၄နှစ်ရှိပါပြီ။ တီချယ်ပညာအရည်အချင်းကတော့ Financial Accounting Major မှာ ပညာသင်ကြားနေပါတယ်။ ထိုင်းစာကိုဝါသနာပါ၍လေ့လာသင်ယူရင်း စာသင်ကြားမျှဝေပေးတဲ့အဆင့်ထိ သင်တန်းသားတွေ လက်ခံလာပါတယ်။ ထိုင်းနိုင်ငံ နဲ့ ချိတ်ဆက် အလုပ်အကိုင်များလုပ်ကိုင်လျက်ရှိပါတယ်။

View Details

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy