
Daw Shun Lei Phyo
300
About me
ဆရာမရွှန်းလဲ့ဖြိုးကို ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် B.C.Sc (Computer Science) ဘွဲ့ ရရှိခဲ့ပါသည်။ International Digital Marketing Course at True Digital Academy နှင့် Digital Marketing & Advertising at National Management Academy တို့မှ Content Creation ပညာကို သင်ယူတတ်မြောက်ပြီး သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ Professional Senior Content Creator တစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုနေသူပါ။ Digital Marketing နှင့် Media နယ်ပယ်တွင် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် Content Writer ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှမှ ၂၀၂၃ ခုနှစ်အထိ Freelance Presenter / Host အနေဖြင့်သော်လည်းကောင်း၊ Freelance Content Writer နှင့် Program Creator အနေဖြင့်သော်လည်းကောင်း၊ Media လောကနှင့် Digital Field မျိုးစုံတို့တွင် ကျင်လည်လုပ်ကိုင်ခဲ့ပါသည်။ ဆရာမဖန်တီးထားသည့် Content Creation များ၊ Program Creation များထဲက Program အများစုသည် Trending ဖြစ်ပြီး သူ့အချိန်အခါနှင့်သူ လူကြိုက်များသည့် Content Creations များ ဖြစ်ခဲ့ပါသည်။ ဆရာမရွှန်းက လက်ရှိ International Media Company ကြီးတစ်ခု၌ Senior Content Creator တစ်ယောက်အနေဖြင့် Social Media ပိုင်း၊ Content ပိုင်း၊ Program Management ပိုင်းနှင့် Presenting ပိုင်းတွေမှာပါ တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး သူမ၏ အားလပ်ရက်များတွင် Content field ထဲကို စတင်ဝင်ရောက်ချင်သူတွေအတွက် ကိုယ်တတ်ကျွမ်းထားသည့်ပညာရပ်ကို အိတ်သွန်ဖာမှောက် သင်ကြားပေးနေသူဖြစ်ပါသည်။ L2E Myanmar ၏ Content Creation Course တွင် Content Writer လောကထဲကို စတင်ခြေလှမ်း ချင်တဲ့သူတွေအတွက် လိုအပ်သည့်သင်ခန်းစာများ၊ Professional Content Creator သမား တစ်ယောက် သိသင့်သည့်အချက်များအပြင် တကယ့်အပြင် Digital Marketing လုပ်ငန်းခွင်က Content သမားတစ်ယောက်၏ အတွေ့အကြုံများကိုပါ Sharing လုပ်ပေးသွားဦးမှာ ဖြစ်ပါသည်။
Level-up Your Career
Courses by Daw Shun Lei Phyo