Content Creation Course
19 students enrolled in this course
Content Creation Course ဆိုတာ တစ်နည်းအားဖြင့် Content Writing နဲ့ ပက်သက်တဲ့ ဖန်တီးမှုတွေကို သင်ကြားပေးတဲ့ သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲမှုတွေ မြန်ဆန်လာတဲ့ ခေတ်ကြီးထဲမှာ Digital Marketing ဆိုတဲ့နယ်ပယ်ကြီး ကလည်း ပိုမိုကျယ်ပြန့်လာသလို ဒီနယ်ပယ်ထဲမှာ လုပ်ကိုင်နေတဲ့ Position အသီးသီးကလည်း သူ့နေရာနဲ့သူ အရေးပါလာတာကို မြင်တွေ့ကြမှာပါ… Digital Marketing Field ထဲက အရေးပါတဲ့ ပဲ့ကိုင်ရှင်တစ်ဦးကို ပြောပါဆိုရင် ကြော်ငြာစာသားတွေကို ပညာသားပါပါရေးပြီး ဆွဲဆောင်ဖန်တီးနိုင်တဲ့ Content Writer / Content Creator တွေလို့ ဆိုရမှာ ပါပဲ... ကိုယ့်စာကို မြင်လိုက်ဖတ်လိုက်တာနဲ့ တစ်ဖက်က ဝယ်သူတွေဝယ်ချင်လာအောင်၊ ဖတ်နေရင်း သဘောကျလာအောင်နဲ့ ရေးနေရင်း Ideas ကုန်ခမ်းလာတဲ့အခါ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအရာတွေအပြင် Content တစ်ပုဒ်ကို Ideas အလန်းကြီးတွေနဲ့ အကောင်းဆုံး ဖန်တီးပုံဖော် နိုင်အောင် တွေးခေါ်နည်းတွေကို အဓိကထား သင်ကြားပေးမှာပဲဖြစ် ပါတယ်... ဒီ သင်တန်းလေး ပြီးဆုံးသွားတဲ့အခါ Content Writer သိထားတတ်ထားသင့်တဲ့ အကြောင်းအရာတွေ၊ Knowledges တွေနဲ့ တကယ့်လုပ်ငန်းခွင် အတွေ့အကြုံတွေကိုပါ သင်ယူတတ်မြောက်နိုင်မှာ ဖြစ်ပါတယ်... ဒါ့အပြင် သင်တန်းက သင်တဲ့စာနဲ့ ကိုယ့်ရဲ့ Idea တွေကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် Digital လုပ်ငန်းခွင်ကြီးတွေမှာ Content Writer သမားတစ်ယောက်အဖြစ် စတင်ရပ်တည် နိုင်ပါလိမ့်မယ်နော်... ဒီ Content Creation Course ကို သင်ကြားပေးမယ့်သူကတော့ လက်ရှိ Senior Content Creator တစ်ယောက်လည်းဖြစ် Offline Content Writing Course ကို အလုပ်ရသည်အထိသင်ကြားပေးနေတဲ့ ဆရာမ ရွှန်းလဲ့ဖြိုးပဲ ဖြစ်ပါတယ်။ ဆရာမရဲ့ Video တွေကို ကြည့်တဲ့အခါ အပြင်မှာ စာသင်နေရသလိုကြီး ပျင်းစရာကောင်းမနေဘဲ အစ်မတစ်ယောက်နဲ့ ဆွေးနွေးနေရသလို၊ Senior တစ်ယောက်ဆီကနေ Experiences တွေကို လက်တွေ့နားထောင်နေရသလို Feeling မျိုးရရှိနိုင်မှာပါ... ဆိုတော့ Content Writing ပညာရပ်ကို လေမပူနေမထိဘဲနဲ့ အိမ်မှာပဲ အေးအေးဆေးဆေး သင်ကြားပြီး လုပ်ငန်းခွင် ဝင်နိုင်ဖို့ ဆိုရင်တော့ L2E Myanmar ရဲ့ Content Creation Course ကို ယုံယုံကြည်ကြည် နဲ့ တက်ရောက်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်… (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Basic Education High School
About lecturer
ဆရာမရွှန်းလဲ့ဖြိုးကို ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် B.C.Sc (Computer Science) ဘွဲ့ ရရှိခဲ့ပါသည်။ International Digital Marketing Course at True Digital Academy နှင့် Digital Marketing & Advertising at National Management Academy တို့မှ Content Creation ပညာကို သင်ယူတတ်မြောက်ပြီး သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ Professional Senior Content Creator တစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုနေသူပါ။ Digital Marketing နှင့် Media နယ်ပယ်တွင် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် Content Writer ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှမှ ၂၀၂၃ ခုနှစ်အထိ Freelance Presenter / Host အနေဖြင့်သော်လည်းကောင်း၊ Freelance Content Writer နှင့် Program Creator အနေဖြင့်သော်လည်းကောင်း၊ Media လောကနှင့် Digital Field မျိုးစုံတို့တွင် ကျင်လည်လုပ်ကိုင်ခဲ့ပါသည်။ ဆရာမဖန်တီးထားသည့် Content Creation များ၊ Program Creation များထဲက Program အများစုသည် Trending ဖြစ်ပြီး သူ့အချိန်အခါနှင့်သူ လူကြိုက်များသည့် Content Creations များ ဖြစ်ခဲ့ပါသည်။ ဆရာမရွှန်းက လက်ရှိ International Media Company ကြီးတစ်ခု၌ Senior Content Creator တစ်ယောက်အနေဖြင့် Social Media ပိုင်း၊ Content ပိုင်း၊ Program Management ပိုင်းနှင့် Presenting ပိုင်းတွေမှာပါ တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး သူမ၏ အားလပ်ရက်များတွင် Content field ထဲကို စတင်ဝင်ရောက်ချင်သူတွေအတွက် ကိုယ်တတ်ကျွမ်းထားသည့်ပညာရပ်ကို အိတ်သွန်ဖာမှောက် သင်ကြားပေးနေသူဖြစ်ပါသည်။ L2E Myanmar ၏ Content Creation Course တွင် Content Writer လောကထဲကို စတင်ခြေလှမ်း ချင်တဲ့သူတွေအတွက် လိုအပ်သည့်သင်ခန်းစာများ၊ Professional Content Creator သမား တစ်ယောက် သိသင့်သည့်အချက်များအပြင် တကယ့်အပြင် Digital Marketing လုပ်ငန်းခွင်က Content သမားတစ်ယောက်၏ အတွေ့အကြုံများကိုပါ Sharing လုပ်ပေးသွားဦးမှာ ဖြစ်ပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
အချက်တစ်ချက်ချင်းစီ အသေးစိတ်ကအစ နားလည်လွယ်အောင် ရှင်းပြပေးထားလို့ကျေးဇူးပါဆရာမရှင့်။မအားတဲ့ကြားထဲကနေပြီး မသိတာလေးတွေမေးဖို့ zoom meeting လေးတွေပါလုပ်ပေးလို့ သင်တန်းရွေးချယ်တာ မှန်သ...
Content နဲ့ Copy Writing အကြောင်းကိုရှင်းရှင်းလင်းလင်းသိရယုံမက လုပ်ငန်းခွင်မှာပါအသုံးချလို့ရလောက်တဲ့အထိ ဆရာမသင်ပြမှုက တစ်ကယ်ကောင်းပါတယ်။ " တိကျသေချာစွာနားထောင်ပြီး ကြိုးစားမယ်ဆို C...
2 ratings
Content နဲ့ Copy Writing အကြောင်းကိုရှင်းရှင်းလင်းလင်းသိရယုံမက လုပ်ငန်းခွင်မှာပါအသုံးချလို့ရလောက်တဲ့အထိ ဆရာမသင်ပြမှုက တစ်ကယ်ကောင်းပါတယ်။ " တိကျသေချာစွာနားထောင်ပြီး ကြိုးစားမယ်ဆို Content writingသမားကောင်းဖြစ်လာမှာပါ၊ အဲ့လိုခံစားမိပါတယ် " personal feedbackကတော့ So Good ပါ
အချက်တစ်ချက်ချင်းစီ အသေးစိတ်ကအစ နားလည်လွယ်အောင် ရှင်းပြပေးထားလို့ကျေးဇူးပါဆရာမရှင့်။မအားတဲ့ကြားထဲကနေပြီး မသိတာလေးတွေမေးဖို့ zoom meeting လေးတွေပါလုပ်ပေးလို့ သင်တန်းရွေးချယ်တာ မှန်သွားပါတယ်ရှင့်။အသင်အပြလည်းကောင်းပြီး နွေးထွေးပေးလို့ လေးစားချစ်ခင်ရပါတယ်ရှင့်။❣️🥰