
Daw Honey San Tun
300
About me
တီချယ်ဟန်နီကတော့ ၂၀၁၇ ခုနှစ်မှ ရန်ကုန်တက္ကသိုလ် COE တန်းမှာ Computer Science မေဂျာကို တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်ရှိသော ဘူဆန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ( Busan University of Foreign Studies BUFS ) သို့ Full Scholarship ဖြင့် သွားရောက် ပညာသင်ယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ BUFS University မှ ICT Natural Language Processing မေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ကိုရီးယားစာလေ့လာသင်ယူသက်တမ်းမှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ကိုရီးယားနိုင်ငံသားများကို မြန်မာစာသင်ကြားပေးခြင်းအပြင် Naver Dictionary Myanmar to Korea Project, EBS Radio Host, Southeast Asia Youtube Video Projects စတဲ့ Project Activities များစွာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ယခုလက်ရှိမှာကတော့ HoneyChim Korean Language Center သင်တန်းကျောင်းရဲ့ Founder & Main Instructor အနေနဲ့ Online Zoom Classes, Offline Classes & Video Classes များတွင် သင်တန်းသား အယောက်ပေါင်း ၁၀၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်ရှင့်။ Honey Chim Korean Language Center ဟာဆိုရင် လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်တဲ့ 2022 Educational Affair ပွဲမှာလဲ ပါ၀င်ခဲ့ပြီး ယခုဆိုရင် သင်တန်းသူ / သား များစွာ မွေးထုတ်ပေးနေတဲ့ ၃နှစ် တာကာလထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်ရှင့်။ L2E Myanmar ရဲ့ Korean Video Classes Course တွေမှာလဲ ကိုရီးယားစာကို အခြေခံမှစ သင်ကြားတက်မြောက်လိုသူများအတွက် စနစ်တကျ အခြေခံခိုင်ခိုင် သင်ကြားနိုင်ဖို့နှင့် ဆရာမနဲ့ အနီးကပ် တစ်ယောက်တည်း Face to Face သင်ကြားနေသလို ဖြစ်အောင် Quality Video Classes များကိုလဲ ရှေ့လျှောက် အများကြီး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
Level-up Your Career
Courses by Daw Honey San Tun