Korean Language (Basic Course)
5 students enrolled in this course
အားလုံးပဲ မင်္ဂလာပါရှင့် ... ကိုရီးယားဘာသာစကားကို စိတ်၀င်စားပြီး တတ်မြောက်ချင်သူများအတွက် ကိုရီးယားဘာသာစကားရဲ့ တက်ရောက်ရမယ့် Level အဆင့်များကို ရှင်းပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ Basic Class အခြေခံအတန်းမှစပြီး Intermediate to Advanced အလယ်ဆင့်မှ နောက်ဆုံးအဆင့်ထိကို Level 1 to 6 အထိ ခွဲခြားထားပါတယ်။ Basic to Level – 1 ကတော့အခြေခံအဆင့် တက်ကိုတက်ထားသင့်တဲ့အတန်းတွေ ဖြစ်ပြီးတော့ Level 2 to 3 ကိုတော့ Intermediate Level အဖြစ် သတ်မှတ်လို့ ရပြီး နောက်ဆုံး Advanced Level ကတော့ Level 4 to 6 ပဲ ဖြစ်ပါတယ်ရှင့်။ အခုအတန်းလေးကတော့ Basic Level ကိုမှ မဖြစ်မနေ တက်ရောက်သင့်တဲ့ ကိုရီးယားစာကို အခြေခံမှစပြီး စနစ်တကျ လေ့လာနိုင်မယ့် Basic Video Class လေးပဲ ဖြစ်ပါတယ်ရှင့်. အခြေခံ ဗျည်း / သရမှစပြီး ကိုရီးယားဘာသာစကားကို ရေးနိုင်ဖတ်နိုင်တဲ့ အထိ သင်ကြားပေးမှာဖြစ်ပြီး အခြေခံစကားပြော၊ မိတ်ဆက်ခြင်း၊ နံပါတ်များ၊ အခြေခံသဒ္ဒါများစတဲ့ သင်ခန်းစာများအပြင် တီချယ်ရဲ့ ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ခဲ့တုန်းက အတွေ့အကြုံများ၊ကိုရီးယားလူမျိုးတွေရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။ ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုရင်တော့ ကိုရီးယားနိုင်ငံကိုကျောင်းသွားတက်မယ့်သူများ၊ အလုပ်သွားလုပ်မယ့်သူများ၊ ကိုရီးယားဘာသာစကားနဲ့ အသက်မွေး၀မ်းကြောင်းပြုလိုသူများအပြင် ကိုရီးယားစာကို K-Drama, K-Pop Industry စသည်တို့မှစိတ်၀င်စားပြီး တက်မြောက်ချင်သူများတက်သင့်ပါတယ်ရှင့်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- အသက် ၁၀နှစ်မှစပြီးလေ့လာနိုင်ပါသည်။
About lecturer
တီချယ်ဟန်နီကတော့ ၂၀၁၇ ခုနှစ်မှ ရန်ကုန်တက္ကသိုလ် COE တန်းမှာ Computer Science မေဂျာကို တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်ရှိသော ဘူဆန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ( Busan University of Foreign Studies BUFS ) သို့ Full Scholarship ဖြင့် သွားရောက် ပညာသင်ယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ BUFS University မှ ICT Natural Language Processing မေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ကိုရီးယားစာလေ့လာသင်ယူသက်တမ်းမှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ကိုရီးယားနိုင်ငံသားများကို မြန်မာစာသင်ကြားပေးခြင်းအပြင် Naver Dictionary Myanmar to Korea Project, EBS Radio Host, Southeast Asia Youtube Video Projects စတဲ့ Project Activities များစွာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ယခုလက်ရှိမှာကတော့ HoneyChim Korean Language Center သင်တန်းကျောင်းရဲ့ Founder & Main Instructor အနေနဲ့ Online Zoom Classes, Offline Classes & Video Classes များတွင် သင်တန်းသား အယောက်ပေါင်း ၁၀၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်ရှင့်။ Honey Chim Korean Language Center ဟာဆိုရင် လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်တဲ့ 2022 Educational Affair ပွဲမှာလဲ ပါ၀င်ခဲ့ပြီး ယခုဆိုရင် သင်တန်းသူ / သား များစွာ မွေးထုတ်ပေးနေတဲ့ ၃နှစ် တာကာလထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်ရှင့်။ L2E Myanmar ရဲ့ Korean Video Classes Course တွေမှာလဲ ကိုရီးယားစာကို အခြေခံမှစ သင်ကြားတက်မြောက်လိုသူများအတွက် စနစ်တကျ အခြေခံခိုင်ခိုင် သင်ကြားနိုင်ဖို့နှင့် ဆရာမနဲ့ အနီးကပ် တစ်ယောက်တည်း Face to Face သင်ကြားနေသလို ဖြစ်အောင် Quality Video Classes များကိုလဲ ရှေ့လျှောက် အများကြီး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings