lecturer

U Min Yu Lwin


Total students

300

About me

ဆရာမင်းယုလွင်ကို ၁၉၈၂ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။ ဆရာမင်းယုလွင်သည် BSc., (Chemistry) ဘွဲ့ရရှိခဲ့ပြီး Engineering Diploma, Business Management Diploma စသည်တို့ကို သင်ယူတတ်မြောက်၍ Computer Sale & Service ပညာရပ်ကို သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ လေ့လာသင်ယူခဲ့ပါသည်။ Computer Sale & Service နယ်ပယ်တွင် ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် Computer Technician ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Freelance Computer Sale & Service ကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ 7 IT Store အမည်ဖြင့် ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ Computer Sale & Service လုပ်ငန်းကို လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ဆရာမင်းယုလွင်သည် Learning to Earning Myanmar (L2E Myanmar) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး Computer Sale & Service Vocational Training ကို သင်ကြားပေးနေသော ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ယခု L2E Myanmar (Premium Online Class) Application သည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို လူငယ်လူရွယ်များ၊ Mobile ဖုန်းဖြင့် လွယ်လင့်တကူ လေ့လာတတ်မြောက်ပြီး မိမိလက်တွေ့ဘဝတွင် Professional တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy