Full New PC Setup Complete Course
17 students enrolled in this course
ခုဒီသင်တန်းလေးဟာ Computer Sale & Service နဲ့ အသက်မွေးဝမ်းကြောင်းပြုမယ့် လူငယ်တွေကို အဓိကထားပြီး သင်ကြားပြသပေးထားပါတယ်။ Computer အသစ်ကို စလယ်ဆုံး အသေးစိတ် တပ်ဆင်ပုံတွေကိုအရည်အသွေးမြင့် Video File များ စာများဖြင့်သပ်သပ်ရပ်ရပ်သေချာတည်းဖြတ်ပြီး ဖန်တီးပေးထားပါတယ်။ ဒီသင်တန်းပြီးသွားရင် သင်တန်းသူ သင်တန်းသားတွေအနေနဲ့ ကိုယ်တိုင် Computer အသစ်တစ်လုံးကိုတပ်ဆင်သွားမှာဖြစ်ပါတယ်။ ဘယ်လိုလူတွေ ဒီသင်တန်းကို တက်သင့်လဲဆိုရင် Computer Sale & Service Field ထဲမှာ အလုပ်လုပ်ကိုင်ချင်တဲ့သူ သို့မဟုတ် Computer အရောင်းဆိုင်တွေမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ချင်တဲ့သူ Computer အရောင်းဆိုင်ဖွင့်ချင်သူ Computer Service လုပ်ငန်းတည်ထောင်လိုသူ Company တွေရဲ့ IT Department မှာ အလုပ်လုပ်ကိုင်လိုသူတွေ တက်သင့်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Basic Education High School
About lecturer
ဆရာမင်းယုလွင်ကို ၁၉၈၂ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။ ဆရာမင်းယုလွင်သည် BSc., (Chemistry) ဘွဲ့ရရှိခဲ့ပြီး Engineering Diploma, Business Management Diploma စသည်တို့ကို သင်ယူတတ်မြောက်၍ Computer Sale & Service ပညာရပ်ကို သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ လေ့လာသင်ယူခဲ့ပါသည်။ Computer Sale & Service နယ်ပယ်တွင် ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် Computer Technician ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Freelance Computer Sale & Service ကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ 7 IT Store အမည်ဖြင့် ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ Computer Sale & Service လုပ်ငန်းကို လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ဆရာမင်းယုလွင်သည် Learning to Earning Myanmar (L2E Myanmar) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး Computer Sale & Service Vocational Training ကို သင်ကြားပေးနေသော ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ယခု L2E Myanmar (Premium Online Class) Application သည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို လူငယ်လူရွယ်များ၊ Mobile ဖုန်းဖြင့် လွယ်လင့်တကူ လေ့လာတတ်မြောက်ပြီး မိမိလက်တွေ့ဘဝတွင် Professional တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
အတတ်ပညာကိုတန်ဖိုးထားပါသည်သင်ကြားတယ်ဆရာတစ်ဦးတစ်ယောက်ခြင်းဆီကို ဒီနေရာကနေ့ကန်တောပါသည်🙏🙏🙏🙏🙏ပညာသင်တာလွယ်တဲ့ကိစ္စမဟုတ်သင်တယ်ဆရာကောသင်ယူတဲ့ပညာရပ်ကောသင်ကြားမယ်ကျောင်းသားကော အခုလို့...
1 ratings
အတတ်ပညာကိုတန်ဖိုးထားပါသည်သင်ကြားတယ်ဆရာတစ်ဦးတစ်ယောက်ခြင်းဆီကို ဒီနေရာကနေ့ကန်တောပါသည်🙏🙏🙏🙏🙏ပညာသင်တာလွယ်တဲ့ကိစ္စမဟုတ်သင်တယ်ဆရာကောသင်ယူတဲ့ပညာရပ်ကောသင်ကြားမယ်ကျောင်းသားကော အခုလို့ သင်ထောက်ကူ L2E appကော အာလုံးကိုကျေးဇူးတင်ပါသည် 😍😍😍😍