Course Intro

Computer Sale & Service Vocational Training

star star star star star  (5.0 ratings)

 135 students enrolled in this course

Table of Contents
local_atm

150000 MMK 45000 MMK

Get access to all videos in this course

Purchase this course Add to wishlist  favorite_border
About this course

ခုဒီသင်တန်းလေးဟာ Computer Sale & Service နဲ့ အသက်မွေးဝမ်းကြောင်းပြုမယ့် လူငယ်တွေကို အဓိကထားပြီး သင်ကြားပြသပေးထားပါတယ်။ ဘာသင်ခန်းစာတွေ ပါလဲဆိုတော့ Computer တစ်လုံးရဲ့ Hardware တွေနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာတွေ၊ Software နဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာတွေ Computer ထုတ်လုပ်တဲ့ Company အကြောင်းတွေ၊ Motherboard အကြောင်းတွေ၊ CPU အကြောင်းတွေ၊ Chipset အကြောင်းတွေ၊ RAM အကြောင်းတွေ၊ Hard Disk အကြောင်းတွေ Graphic Card အကြောင်းတွေ Monitor အကြောင်းတွေ၊ အဲ့ဒီ Device တွေရဲ့ အလုပ်လုပ်ပုံတွေ၊ Power Supply, Keyboard Mouse နဲ့ USB Cable Display Cable အကြောင်းတွေ Windows တင်တာ Software တင်တာ နဲ့ Error Tracing တွေ Error Troubleshooting တွေ၊ Computer အသစ်ကို စလယ်ဆုံး အသေးစိတ် တပ်ဆင်ပုံတွေ၊ Computer Service လုပ်ရမှာ ပြစ်ချက်ရှာပုံတွေ ယနေ့အသုံးများလာတဲ့ SSD ရဲ့ အကြောင်းတွေ အမြန်ဆန်ဆုံး SSD ဖြစ်တဲ့ NVMe SSD အကြောင်းတွေ၊ Backup Software အသုံးပြုပုံတွေ Data Recovery ပြုလုပ်ပုံတွေ၊ Customer တွေကို error အကြောင်း သေချာရှင်းပြပေးပုံတွေ၊ Laptop နဲ့ Computer ဝယ်တဲ့အခါ အကြောင်းဆုံးအကြံပြုပေးပုံတွေ၊ Windows License အကြောင်းတွေ Crack version အကြောင်းတွေ၊ Customer တွေဆီမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုဘယ်ပုံဖြေရှင်းပြီးအောင်အောင်မြင်မြင် လုပ်နိုင်ခဲ့လဲဆိုတာတွေ စသဖြင့် အရည်အသွေးမြင့် Video file များ ပုံများ စာများဖြင့် ဝေဝေဆာဆာ သပ်သပ်ရပ်ရပ် သေချာ တည်းဖြတ်ပြီး ဖန်တီးပေးထားပါတယ်။ ဒီသင်တန်းပြီးသွားရင် သင်တန်းသူ သင်တန်းသားတွေအနေနဲ့ ကိုယ်တိုင် Computer Sale & Service လုပ်ငန်းနယ်ပယ်မှာ ဝန်ထမ်းအဖြစ်ဖြစ်လည်းကောင်း၊ ကိုယ်ပိုင် Sale & Service ဆိုင်ဖွင့်ပြီးသော်လည်းကောင်း၊ ဒါမှမဟုတ် တစ်ကိုယ်တော် freelance ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး Computer Service လုပ်ငန်းပဲဖြစ်ဖြစ် Confidence ရှိရှိနဲ့ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လိုလူတွေ ဒီသင်တန်းကို တက်သင့်လဲဆိုရင် Computer Sale & Service Field ထဲမှာ အလုပ်လုပ်ကိုင်ချင်တဲ့သူ သို့မဟုတ် Computer အရောင်းဆိုင်တွေမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ချင်တဲ့သူ Computer အရောင်းဆိုင်ဖွင့်ချင်သူ Computer Service လုပ်ငန်းတည်ထောင်လိုသူ Company တွေရဲ့ IT Department မှာ အလုပ်လုပ်ကိုင်လိုသူတွေ တက်သင့်ပါတယ်။

Requirements
  • double_arrow Education High School

About lecturer

ဆရာမင်းယုလွင်ကို ၁၉၈၂ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။ ဆရာမင်းယုလွင်သည် BSc., (Chemistry) ဘွဲ့ရရှိခဲ့ပြီး Engineering Diploma, Business Management Diploma စသည်တို့ကို သင်ယူတတ်မြောက်၍ Computer Sale & Service ပညာရပ်ကို သင်ဆရာ၊ မြင်ဆရာများမှတစ်ဆင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ကာ လေ့လာသင်ယူခဲ့ပါသည်။ Computer Sale & Service နယ်ပယ်တွင် ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် Computer Technician ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Freelance Computer Sale & Service ကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ 7 IT Store အမည်ဖြင့် ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ Computer Sale & Service လုပ်ငန်းကို လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ဆရာမင်းယုလွင်သည် Learning to Earning Myanmar (L2E Myanmar) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး Computer Sale & Service Vocational Training ကို သင်ကြားပေးနေသော ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ယခု L2E Myanmar (Premium Online Class) Application သည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို လူငယ်လူရွယ်များ၊ Mobile ဖုန်းဖြင့် လွယ်လင့်တကူ လေ့လာတတ်မြောက်ပြီး မိမိလက်တွေ့ဘဝတွင် Professional တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။

Courses by U Min Yu Lwin
course
Computer Sale & Service Vocational Training
star star star star_border star_border
course
Full New PC Setup Complete Course
star star star star_border star_border

lecturer

U Min Yu Lwin

Feedback

What other students turned professionals have to say about course after learning with us and reaching their goals.

Student Feedback
5.0
star star star star star

7 ratings

star star star star star
star star star star star_border
star star star star_border star_border
star star star_border star_border star_border
star star_border star_border star_border star_border
HT
Htetyan Shar
star star star star star

စေ့စေ့ငုံငုံရှင်းပြပေးထားတဲ့ Computer သင်ခန်းစာတွေပါ ကျေးဇူးပါခင်ဗျာ

WA
Wai Yan Htet
star star star star star

ဆရာသင်ပြပေးတာတွေ အရမ်းရှင်းပြီး အဆင်ပြေပါတယ်ဗျာ။ ကျေးဇူးပါ Stand Software လေးတွေလိုချင်ပါတယ်ခင်ဗျာ။

BH
Bhone Myat Paing Soe
star star star star star

တကယ်ကောင်းပါတယ် အပြင်ဗဟုသုတတွေနဲ့ရောဆက်စပ်ပြိးသင်ပြပေးတာပါတကယ်အဆင်ပြေပါတယ်အခုတော့computer ဝယ်မယ့်သူငယ်ချင်းကိုကိုယ်ကပဲလိုက်ဝယ်ပေးနေရပါပြီ ကျေးဇူးတင်ပါတယ် ဆရာ

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy