WHY L2E MYANMAR APP

ဘာကြောင့် L2E Myanmar App ကနေ လေ့လာသင့်တာလဲ ကျွန်တော်တို့ Online ကနေ သင်တန်းတွေတက်ရောက်ကြတဲ့အခါ ဒီသင်တန်းဟာ သေချာသင်တာရောဟုတ်ရဲ့လား ဘယ်လိုသင်မှာလဲ Video တွေကရော Quality ကောင်းရဲ့လား ပျင်းစရာကြီးတွေလား ပေးလိုက်ရတဲ့ငွေနဲ့ ပြန်ရတာရော တန်ရဲ့လား စသဖြင့် ဒွိဟတွေနဲ့ သင်တန်းအပ်လိုက်ကြရတယ်။ အဲ့လိုအပ်ပြီးတဲ့အခါမှာ တစ်ချို့သင်တန်းတွေလည်း တကယ်ကောင်းသလို တစ်ချို့ကြပြန်တော့လည်း သင်တန်းဖြစ်ပြီးရော ဆိုပြီး ဖြစ်သလို လုပ်ထားတာတွေရှိတယ်။ ဆိုတော့ အဲ့လိုတွေမဖြစ်ရလေအောင် တကယ့်ကို အကျိုးရှိမယ့် သင်ခန်းစာတွေကို သက်ဆိုင်ရာ နယ်ပယ် အတွေ့အကြုံရှိ Professional တွေက Trainer အဖြစ်နဲ့ တကယ်အသုံးတည့်အောင် Course ကို သေချာပြုစုပြီး Professional Camera တွေနဲ့ရိုက်ကူးကာ Professional Editor တွေက သေချာ စုပေါင်းဖန်တီးထားသော Video များကို Quality ကောင်းကောင်းနဲ့ နိုင်ငံတကာအဆင့်မှီလေ့လာနိုင်မှာဖြစ်ပါတယ်။ အပြင်က Facebook Group တွေ Messenger Group တွေ Viber Group တွေကနေ ဖြစ်သလိုသင်ကြားကြရမှာမဟုတ်သလို Zoom နဲ့လေ့လာရတာထက်လည်း ပိုပြီးထိရောက်မှုရှိပြီး App ထဲမှာ သင်ခန်းစာတွေကို Download လုပ်ထားပြီး အချိန်မရွေးပြန်လည်လေ့လာလို့ရတဲ့အပြင် မိမိရဲ့အဖိုးတန်လှတဲ့အချိန်နဲ့ငွေကို အကျိုးရှိစွာအသုံးချနိုင်မှာပါ။

avatar

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy