WHY L2E MYANMAR APP REVEAL
WHY L2E MYANMAR APP REVEAL
L2E Myanmar App ဘာကြောင့်ဖြစ်တည်လာရတာလဲ ကျွန်တော်တို့တစ်တွေ Covid ကပ်ရောဂါဆိုးနဲ့ ကြုံတွေ့ပြီးနောက်ပိုင်းမှာ လူနေမှုပုံစံ လုပ်ငန်းလုပ်ကိုင်မှု ပုံစံနဲ့ လေ့လာသင်ကြားမှု ပုံစံတွေဟာ သိသိသာသာပြောင်းလဲလာပါတယ်။ ကိုယ်တိုင်လည်း Stay Home လိုကာလမှာ မိမိစိတ်ဝင်စားတဲ့ ပညာရပ်တွေကို Onlien Video Course များတဲ့ သင်ကြားလေ့လာခွင့်ရတဲ့အခါမှာ တကယ်ထိထိရောက်ရောက်ရှိခဲ့တယ်။ လေ့လာထားသလောက် အဲ့ပညာရပ်နဲ့ပက်သက်လို့ တကယ်လုပ်ကိုင်အသက်ရှင်နိုင်သည်အထိ တတ်ကျွမ်းနိုင်တယ်ဆိုတာကို သိလာရတယ်။ ထိုနည်းတူစွာပဲ တစ်ချို့သင်တန်းတွေဟာ ငွေရရုံသက်သက်သာသာ ဦးစားပေးပြီး ဖြစ်သလိုသင်ကြားနေကြတာတွေကိုလည်း သိခွင့်ရခဲ့တယ်။ တစ်ချို့လည်း သင်ကြားမှုအပိုင်းမှာ ကောင်းပေမယ့် Video Creation အပိုင်းမှာ လိုအပ်နေတာမျိုးတွေရှိတာကိုတွေ့ရပါတယ်။ ဆိုးရွားတာတစ်ခုက သက်ဆိုင်ရာ Professional တွေရဲ့ ဖန်တီးထားသော Content များကို Copy ကူးယူကာ Facebook Group ထောင်ပြီး ပြန်လုပ်လုပ်စားကြတဲ့ ကြားချောင်သမားတွေရှိလာတဲ့အခါမှာ Professional တွေအတွက် နစ်နာသလို၊ ငွေရရုံသက်သက် Video Content ဖန်တီးကြတဲ့ Pro မဟုတ်သော Trainer များကြောင့်လည်း Online Video Course လေ့လာသူတွေ နစ်နာရပါတယ်။ သို့အတွက်ကြောင့် L2E Myanmar ကနေပြီး Effective & Efficient ဖြစ်တဲ့ Quality ကောင်းကောင်း Video တွေဖန်တီးကာ Online Trainer တွေရော Online Video Course လေ့လာသူတွေအတွက်ပါ အကျိုးရှိစေရန် L2E Myanmar (Online Premium Class) Application ဖန်တီးထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။