WHY L2E MYANMAR TRAINER

ဘာကြောင့် L2E Myanmar App မှာ Trainer တစ်ယောက် ဖြစ်သင့်တာလဲ မိတ်ဆွေဟာ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာရပ်မှာ Professional တစ်ယောက်ဖြစ်ပြီး အတွေ့အကြုံတွေလည်း တော်တော်လေးရှိလာပြီမို့ ကိုယ့်ရဲပညာရပ်နဲ့အတွေ့အကြုံတွေကို ပြန်လည် Sharing လုပ်ချင်လာတဲ့အခါမှာ Online Platform သည် အကောင်းဆုံးလမ်းကြောင်းဖြစ်ပါတယ်။ အဲ့ထဲမှာမှ တစ်ချို့ Professional တွေဟာ ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် Zoom နဲ့သင်ကြားနေကြသလို တစ်ချို့လည်း Page ထောင်ကာ Video တွေဖန်တီးပြီး သင်ကြာလာကြတာကို အားလုံးအသိပါပဲ။ သို့ရာတွင် မိမိဘာသာ ကိုယ်ပိုင် Page လေးနဲ့လုပ်ကိုင်နေရာမှာ အောင်မြင်ပြီးသားသူတွေက ပိုပြီးအောင်မြင်အောင် အောင်မြင်ဖို့ကြိုးစားအားထုတ်ဆဲသူတွေကလဲ ဒီထက်မကအောင်မြင်လာအောင် လို့ ကျွန်တော်တို့ L2E Myanmar App မှာ လာရောက်ပူးပေါင်းဖန်းတီးနိုင်ပါတယ်။ ပြည်တွင်းက City Mart တို့ ပြည်ပက Seven Eleven တို့ Wall Mart တို့နဲ့ဥပမာပေးရရင် မိမိထုတ်ထားတဲ့ Product ကို ကိုယ်တိုင် Retail ဆိုင်ဖွင့်ပြီးရောင်းလို့ရသလို အပေါ်ကပြောခဲ့တဲ့ Market တွေမှာလည်း တင်ရောင်းကြပါတယ်။ ထိုအခါ မိမိထုတ်ကုန်ဟာ စားသုံးသူလက်ထဲ လွယ်လင့်တကူ ရောက်ရှိပြီး Product ပိုင်ရှင်ရော အရောင်းဆိုင် ရော စားသုံးသူပါ သုံးဦးသုံးဖလယ် အကျိုးဖြစ်ထွန်းပါတယ်။ လာလို့လဲဆိုတော့ သက်ဆိုင်ရာ အရောင်းဆိုင်တွေဟာ အရည်အသွေးမမှီတဲ့ ထုတ်ကုန်တွေကို မိမိတို့ ဆိုင်မှာ တင်ရောင်းလေ့မရှိသလို စားသုံးသူမှလည်း မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရသလို တစ်စုံတစ်ရာ မကျေနပ်မှုများအား လွယ်လင့်တကူ Complaint တက်နိုင်ပါတယ်။ အဲ့တော့ ထိုဥပမာအတိုင်း မိမိတို့ L2E Myanmar App မှာ မိမိရဲ့ ထုတ်ကုန်ဖြစ်တဲ့ အဆင့်မြင့် Online Video Course များကို တင်‌ပြီးရောင်းချနိုင်ပါတယ်။ Trainer များမှ ဖန်တီးထားသော အရည်အသွေးအဆင့်မှီ Video Course များကို L2E Myanmar မှ သေချာစီစစ်တည်းဖြတ်ကာ ဈေးကွက်ဖော်ဆောင်ပေးခြင်းဖြင့် လေ့လာသူသင်တန်းသားများလည်း မိမိတို့ ပေးလိုက်ရတဲ့ တန်ဖိုးထက်ပိုသာတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို လေ့လာသင်ယူခွင့်ရတဲ့အတွက် သုံးဦးသုံးဖလယ် အကျိုးရှိလို့ L2E Myanmar App မှာ Trainer တစ်ယောက်အဖြစ် အခုပဲ ပူးပေါင်းပါဝင်လိုက်ပါ။

avatar

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy