Photoshop Basic to Advance Course
6 students enrolled in this course
Adobe Photoshop CC 2020 Basic To Advance Course (From Zero to Hero) Photoshop ပညာရပ်များကို အခြေခံကနေ ဓာတ်ပုံဆိုင် ကိုယ်ပိုင်ဖွင့်နိုင်သည့်အထိ ဆရာစားမချန် သင်ကြားပို့ချထားပါတယ်။ ဓာတ်ပုံဆိုင်တစ်ဆိုင်အတွက် မရှိမဖြစ် အသုံးပြုရမည့် နောက်ခံ Background ပုံများ၊ Photo Frame များ၊ ဖိတ်စာကဒ် လိပ်စာကဒ် ဗွီးနိုင်းဒီဇိုင်းတွေမှာ ထည့်သွင်းဖို့ ဒေတာများ၊ အလှူမင်္ဂလာဆောင် ဓာတ်ပုံများအတွက် အသင့်သုံး Template များ၊ ဘွဲ့ယူဓာတ်ပုံများအတွက် အသင့်သုံး Template များ၊ Certificate Template များ စသည့် တန်ဖိုးရှိ ဒေတာများကို အပြည့်စုံဆုံး ထည့်သွင်းပေးထားလို့ ပျော်ရွှင်ကျေနပ် ကြမယ်လို့ ယုံကြည်ပါတယ်။ Photoshop အပြင် Lightroom အသုံးပြုပုံ အခြေခံကိုလည်း Unit တစ်ခုအနေနဲ့ မေတ္တာလက်ဆောင် ထည့်သွင်းပေးထားပါတယ်။ Course Outline for Photoshop CC 2020 ============ Unit 01 Getting Started Unit 02 Working with Selection Unit 03 Color Correction Unit 04 Layer Basics Unit 05 Correcting and Enhancing Digital Photographs Unit 06 Basic Photo Correction Unit 07 Typographic Design Unit 08 Advanced Photo Correction Unit 09 Advanced Layering Unit 10 Working With 3D Image and Logo Create Unit 11 Miscellaneous Tools Unit 12 Digital Creative Unit 13 Work Ready Photoshop Unit 14 Beginner For Lightroom ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ 📷 Unit 01 Getting Started File အဖွင့်အပိတ် ပြုလုပ်ပုံ၊ Zoom Tool, Elliptical Marquee Tool များ အသုံးပြုပုံ, selected ပြုလုပ်ရန် နည်းလမ်းများ၊ Navigator, options bar နဲ့ တခြား panels တွေ အကြောင်း, Undo + Redo (Step Backward) ပြုလုပ်ပုံ၊ Panel Location နဲ့ Workspace များကို နေရာချပုံ၊ Popular File Format များ အကြောင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 02 Working with Selection selecting နဲ့ selection tools များ အကြောင်း, Quick Selection Tool အသုံးပြုနည်း, Selections အမျိုးမျိုး ပြုလုပ်နည်း, center point အလယ်ဗဟိုမှ နေ၍ Select ပြုလုပ်နည်း, Magic Wand Tool အသုံးပြုနည်း, Using Lasso Tool နဲ့ Polygonal Lasso Tool အသုံးပြုနည်း, Magnetic Lasso Tool အသုံးပြုနည်း, Cropping, edge of a selection တွေကို Refine လုပ်နည်း, Photos များကို Crop နဲ့ Straighten ပြုလုပ်နည်း၊ Feather ပြုလုပ်ပုံ စသည်တို့ကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 03 Color Correction Color Level နဲ့ Curve ချိန်ညှိခြင်း၊ Black and White ပြုလုပ်ခြင်း၊ Desaturate ပြုလုပ်ခြင်း၊ Brightness နဲ့ Contrast ချိန်ညှိခြင်း၊ Colour Balance အကြောင်း၊ Hue နဲ့ Saturation ချိန်ညှိခြင်း၊ Vibrance ချိန်ညှိခြင်း၊ Colour Lookup ချိန်ညှိခြင်း၊ Shadow နဲ့ Highlight အကြောင်း၊ Photo Filter ပြုလုပ်ပုံ စသည်တို့ကို လေ့လာသင်ယူရပါမည်။ 📷 Unit 04 Layer Basics Layer Panel အသုံးပြုနည်း, Background Layer အကြောင်း, Layer များကို Copy ကူးနည်းနှင့် နာမည်ပြောင်းနည်း, Individual Layers ကြည့်ရှုနည်း, Adding a border to a layer တွေမှာ Border ထည့်သွင်းနည်း, Layers များကို နေရာချထားခြင်း, layer opacity ပြောင်းလဲခြင်း, layer blending ပြောင်းလဲ သက်မှတ်ခြင်း, Layers များကို Resize နဲ့ Rotate ပြုလုပ်နည်း, artwork ဖန်တီးဖို့ Filter အသုံးပြုနည်း, အသစ် ထပ်ပေါင်းဖို့ Dragging လုပ်နည်း, text စာသားများ ထည့်နည်း, layer ထဲသို့ Gradient ထည့်နည်း, layer style အသုံးပြုနည်း, layer effects များ ထည့်သွင်း အသုံးချနည်း, border ထပ်ပေါင်းထည့်နည်း, Flattening ပြုလုပ်နည်း, Auto-align layers ပြုလုပ်နည်း စသည့် Layer နဲ့ပတ်သက်ပြီး အခြေခံအကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 05 Correcting and Enhancing Digital Photographs Sport Healing Brush Tool, Healing Brush Tool, Patch Tool, Content Aware Move Tool, Red Eye Tool, Clone Stamp Tool, Pattern Stamp Tool, Brush Tool စသည့် Photo Correcting Tools များအပြင် Brush Setting အကြောင်း၊ ကိုယ်ပိုင် Brush Tool များ ဖန်တီးပုံကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 06 Basic Photo Correction Dodge Tool, Burn Took, Sponge Tool, Eraser Tool, Background Eraser Tool, Magic Eraser Tool, Paint Bucket Tool, Gradient Took, Blur Tool, Sharpen Tool, Smudge Tool စသည့် Photo Correction Tool များ အကြောင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 07 Typographic Design Text & Character Manipulation ပြုလုပ်ပုံများကို ဒီအခန်းမှာ လေ့လာရပါမည်။ Horizontal Type Tool, Vertical Type Tool, Wrap Text ပြလုပ်ပုံ၊ Horizontal and Vertical Type Mask Tool, ဒ - ဓ ရိုက်မရသည့် ပြဿနာကို ဖြေရှင်းနည်း၊ Gold, Diamond စာလုံး ဒီဇိုင်းများ ဖန်တီးခြင်း၊ Layer Style အသုံးပြုပြီး အဖောင်း အကြွ အရိပ် အလှ အပများ ဖန်တီးခြင်းစသည့် Typographic Design သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 08 Advanced Photo Correction Rectangle Tool, Rebounded Rectangle Tool, Ellipse Tool, Polygon Tool, Line Tool, Custom Shape Tool များ အသုံးပြုပုံ အဆင့်ဆင့်ကို လေ့လာခြင်း၊ Pen Tool အသုံးပြု၍ ပုံများကို ဖြတ်ခြင်း၊ နောက်ခံ Background ပြောင်းလဲခြင်း၊ Indoor - Outdoor တွေမှာ ဆံပင်များကို ပြုပြင်ခြင်း၊ Subject ရဲ့ အရိပ်ကို သဘာဝကျကျ ထည့်သွင်းခြင်း၊ Pen Tool ကို Brush Tool ဖြင့် တွဲစပ် အသုံးပြုခြင်းစသည့် Advanced Photo 📷 Unit 09 Advanced Layering shape layer ပြုလုပ်နည်း, Vanishing Point ပြုလုပ်ဖို့ Setting ချနည်း, ကိုယ်ပိုင် keyboard shortcuts များ ဖန်တီးနည်း, artwork များကို ထည့်သွင်း နေရာချနည်း, perspective အကြောင်း, layer style သက်မှတ်နည်း, Adjustment Layer ထည့်သွင်းနည်း, layer comps များ လုပ်ဆောင်နည်း, Layer များကို Group ဖွဲ့နည်း, Layer များ ပေါင်းစပ်နည်း စသည့် Advanced Layering သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 10 Working With 3D Image and Logo Create 3D Shape Layer ပြုလုပ်နည်း, 3D Objects များ အကြောင်း, lighting နဲ့ surface သက်မှတ်ဖို့ 3D Panel အသုံးပြုနည်း, 3D Layer မှာ 2D Layer များ ထပ်ထည့်နည်း, 3D Layers များကို Merge လုပ်နည်း, 3D Object မှာ ဆေးခြယ်နည်း, 3D Text စာသားများ ဖန်တီးပြုလုပ်နည်း, 3D postcard ပြုလုပ်နည်း, 3D Layer ကို သက်ဝင်လှုပ်ရှား Animation ပြုလုပ်နည်းစသည့် 3D Manipulation သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 11 Miscellaneous Tools Reducing Noise ပြုလုပ်ပုံ, မြင်ကွင်းကျယ် Panorama ပြုလုပ်နည်း၊ Lens Correction ပြလုပ်နည်း၊ Depth of Field ပြုလုပ်နည်း၊ Liquify ပြုလုပ်နည်း၊ Puppet Warp အသုံးပြုနည်း၊ Camera Raw Filter အကြောင်း၊ Smooth Skin Tone ပြုလုပ်ပုံ၊ High-End Skin Tone Retouch ပြုလုပ်နည်း၊ Action File အသုံးပြုပြီး Template များ ဖန်တီးခြင်း စသည့် အကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 12 Digital Creative RGB နဲ့ CMYK Colour အကြောင်း၊ Photoshop CC 2020 မှာ အသစ်ပါဝင်လာတဲ့ New Feature များ အကြောင်း၊ Double Explosure ပြုလုပ်ပုံ၊ Low Poly Effect, RGB Light Effect, Manipulation Design Creative ပြုလုပ်ပုံ အဆင့်ဆင့်၊ Rain Effect, Snow Effect ပြုလုပ်ပုံများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Unit 13 Work Ready Photoshop ပတ်စပို့ပုံ ပြုလုပ်နည်း၊ ပတ်စပို့ပုံ ဖြတ် ဆက် ပြုလုပ်နည်း၊ မှတ်တမ်းပုံများကို ပြင်ဆင်ခြင်း၊ Indoor ပုံများ ပြင်ဆင်ခြင်း၊ ဖိတ်စာကဒ်, လိပ်စာကဒ်, ဗွီနိုင်း ဒီဇိုင်းဆွဲ, ပုံဟောင်းများ ပြင်ဆင်ခြင်း၊ ကာလာသွင်းခြင်း၊ ဘွဲ့ယူ ဓာတ်ပုံများကို အရည်အသွေး ကောင်းမွန်အောင် ပြင်ဆင်တည်းဖြတ်ခြင်း စသည့် ဓာတ်ပုံဆိုင်တစ်ခုအတွက် မသိမဖြစ် မသုံးမဖြစ် သုံးရမည့် နည်းပညာများကို ဆရာစားမချန် ထည့်သွင်း သင်ပြထားပါတယ်။ 📷 Unit 14 Beginner For Lightroom Lightroom Library အတွင်းသို့ ဓာတ်ပုံများ ထည့်သွင်းခြင်း၊ Histogram အသုံးပြုပြီး ကာလာ ချိန်ညှိခြင်း၊ Tone Curve, Hue, Saturation, Luminance, Split Toning, Sharpening and Noise Reduction, Gradient Filter, Radial Filter ပြုလုပ်နည်းများ၊ File Export ပြုလုပ်နည်း၊ Water Mark ထည့်သွင်းနည်း စသည့် Lightroom အခြေခံသင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ 📷 Bonus: Software & Installtion Windows 10 ပေါ်ရော Window 7 ပေါ်မှာရော Photoshop CC 2020 ထည့်သွင်း Install ပြုလုပ်ပုံ အဆင့်ဆင့်ကို Step By Step သင်ကြားပြသထားပါတယ်။ Lightroom ကိုတော့ Window 10 ပေါ်မှာ Install လုပ်ပြမှာ ဖြစ်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Computer အခြေခံရှိသူများ တက်ရောက်နိုင်ပါသည်။
About lecturer
ဆရာသည် ၁၁ရက်၊စက်တင်ဘာလ၊၁၉၉၈ ခုနှစ်တွင်မွေးဖွားပြီး ၂၀၁၈ ခုနှစ်တွင် BA(Geog) ဖြင့်ဘွဲ့ ရခဲ့ပါသည်။ဓာတ်ပုံပညာရပ်ကို ၆ တန်းကျောင်းသားကတည်းကပင် စတင်သင်ကြားခဲ့ပါသည်။ယခုတွင် LWT- Studio အမည်ဖြင့်ကိုယ်ပိုင် Photo Studio တစ်ခုကိုဖွင့်လှစ်ထားပါသည်။ဓာတ်ပုံနှင့်ပက်သက်သောသင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ဓာတ်ပုံနည်းပညာစာအုပ်များကိုလည်း ရေးသားထုတ်ဝေထားပါသည်။ဒါ့အပြင်သင်တန်းသားတစ်ထောင်ကျော်ကို Online ကနေသင်ကြားပေးလျှက်ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings