Basic Rhythm Guitar Course
10 students enrolled in this course
40000 MMK
20000 MMK
Get access to all videos in this course
Purchase this course Add to wishlistဂီတဝါသနာပါပြီး ဘယ်ကနေ စလေ့လာရမလဲမသိဘူးဖြစ်နေသူများအတွက် တက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ ဂစ်တာကို လုံးဝမတီးဖူးသေးသူများ အခုမှစလေ့လာမယ့်သူများ အတွက် အခြေခံ ကောင်းကောင်းနဲ့သက်ဆိုင်ရာ Music Theory နဲ့တွဲပြီး သင်ကြားပေးထားတာမို့ ဒီသင်တန်းကို လေ့လာ လေ့ကျင့်ပြီးသွားရင် သက်ဆိုင်ရာ အထူးပြုတီးခတ်မှုများကို ဆက်လက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Finger style , Lead Guitar, Plucking , Classical စတဲ့ တီးခတ်နည်းများမစခင် အရင်ဆုံး တက်သင့်တဲ့ သင်တန်းအမျိုးအစားဖြစ်ပါတယ်။ Video Lesson တစ်ဆင့်ချင်းစီမှာ သက်ဆိုင်ရာ Music Theory နဲ့ သင်ကြားပေးသွားမှာမို့ လွယ်လွယ်ကူကူနဲ့ Bar and Beat, Timing, Tempo, Guitar Colour သဘောတရားများ၊ Key တစ်ခုချင်းစီရဲ့ Family Chords, သီချင်း Notes ဖတ်နည်း Notes ရေးနည်း အဆင့်ဆင့် ကို Lessons အမျိုးအစား စုံစုံလင်လင်နဲ့ သင်ကြားပေးသွားပါမယ်။ အခုမှဂစ်တာစတီးမယ့်သူများအတွက် ရည်ရွယ် တာမို့ အခြေခံအကျဆုံးဖြစ်တဲ့ ဂစ်တာကြိုးညှိနည်း ဂစ်တာကြိုးလဲနည်း ဂစ်တာထိန်းသိမ်းပုံနည်းစနစ် အပါအဝင် ဂစ်တာလက်ခတ်ကိုင်နည်း ဂစ်တာတီးစဉ်ကိုယ်ဟန်အနေအထားများပါ သင်ကြားပြသပေး သွားမှာပါ။ အခြေခံရစ်သမ် အဆင့်သင်တန်းကို လေ့ကျင့်သင်ကြားပြီး တတ်မြောက်သွားရင် သီချင်း တစ်ပုဒ်ကို သူများက မပြပေးပဲ ကိုယ့်ဟာကိုယ် ရှာဖွေတီးခတ်သွားနိုင်ပါလိမ့်မယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- အသက် (၁၂) နှစ်နှင့်အထက်ဆိုရင် ဒီသင်တန်း Courseကိုတက်လို့ရပါပြီ။
About lecturer
Zarni ဟာ Multi-Instrumentalist ဖြစ်ပြီး Guitar, Drum နဲ့ Bass များကိုတီးခတ်သူဖြစ်ပါတယ်။ဂစ်တာတီးလာတဲ့ နှစ် ၂၀ ကျော်ကာလအတွင်းမှာအမြဲလေ့လာသင်ယူနေပြီး သင်ဆရာ၊ကြားဆရာများစွာရဲ့ မတူညီတဲ့ဂီတအယူအဆတွေကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။Notes အရေးအဖတ်ကိုသူနားလည်သလိုသင်တန်းသားများတတ်မြောက်အောင် အလွယ်ကူဆုံးလေ့ကျင့်ခန်းများနဲ့ပြသပေးပါတယ်။သူ့ရဲ့ဂစ်တာသင်တန်းများမှာ နည်းစနစ်တကျနဲ့အခြေခံကိုအဓိကထားသင်ကြားမှုမှာ အားသာသူလည်းဖြစ်ပါတယ်။ Multi-Instrumentalist ဖြစ်လို့ သင်တန်းသားတွေကိုလည်း မတူညီတဲ့ရှုထောင့်တွေကနေ ရှုမြင်နိုင်အောင်သင်ကြားပေးလေ့ရှိပါတယ်။Zarni ဟာ ဂစ်တာတီးသင်ကြမယ် Facebook Page ကိုတည်ထောင်သူလည်းဖြစ်သလို Zarni Guitar (YouTube Channel)မှာလည်း ဂစ်တာ Lesson များနဲ့ ဂစ်တာဝါသနာရှင်များအတွက်ပြသပေးနေသူလည်းဖြစ်ပါတယ်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings