Computer Maintenance Course
1 students enrolled in this course
ဒီ Course လေးမှာ မိမိကွန်ပျူတာရဲ့ အလုပ်လုပ်ပုံစနစ်အကြောင်းကို နှလုံးသားထဲ စိမ့်ဝင်အောင် နားလည်သဘောပေါက်ပြီး Daily Use မှာ ကြုံတွေ့လာနိုင်တဲ့ Software & Hardware ပျက်စီးမှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့၊ ကြုံလာတဲ့ Error တွေ ကို မိမိရဲ့ စဉ်းစားစဉ်ခြင်ဉာဏ်နဲ့ တွေးခေါ်ပြီး အဖြေရှာနိုင်ဖို့ ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေထက် ဘာကြောင့်ဖြစ်တယ်/ ဘယ်လိုအဖြေရှာရမယ် ဆိုတဲ့ ချိတ်ဆက်တွေခေါ်မှုကို အဓိက သင်ကြားပေးသွားမှာပါ။ ဘာတွေလေ့လာရမှာလဲ? ✅ Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံစနစ်အကြောင်း ✅ Computer Hardware & Software ပျက်စီးနိုင်စေတဲ့အပြုအမူ ✅ Daily Use မှာ ကြုံတွေ့နိုင်ရတဲ့ Computer ပြဿနာတွေနဲ့ ကြုံလာရင် ကိုယ်တိုင်အဖြေရှာနိုင်ဖို့အတွက် စဉ်းစားတွေးခေါ်ပုံတွေ/နည်းလမ်းတွေ လေ့လာရမှာဖြစ်ပါတယ်။ ဘယ်သူတွေ လေ့လာသင့်လဲ? ✅ Computer အသုံးပြုပြီး အလုပ်လုပ်နေရတဲ့ Business Owner တွေ ✅ Working Professional တွေ ✅ Computer System အကြောင်း စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေ ✅ Computer ပျက်တိုင်း ဆိုင်ပို့နေရလို့ အလုပ်ပျက်နေရသူတွေ ✅ Computer နဲ့ ပတ်သတ်တဲ့ အလုပ်တွေမှာ အလုပ်ဝင်ဖို့ ပြင်ဆင်နေရသူတွေ လေ့လာထားသင့်ပါတယ်။ စဉ်းစားကြည့်ရအောင်... ကျွန်တော်တို့ဟာ နေ့စဉ် Computer ကိုအသုံးပြုပြီး အလုပ်တွေ လုပ်နေကြရတယ်။ မိမိအသုံးပြုတဲ့ Computer သာ အဆင်ပြေချောမွေ့ပြီး Performance ကောင်းကောင်းရှိနေမယ်ဆိုရင် ... ✅ အလုပ်တွေ စိတ်အေးချမ်းစွာ လုပ်ကိုင်နိုင်မယ်ပြီး ကိုယ့်ရဲ့ Productivity တိုးတတ်လာနိုင်မယ်။ ✅ User Fault ကြောင့် ဖြစ်တဲ့ပျက်စီးမှုတွေအတွက် ပြင်ဆင်စရိတ်တွေ လျှော့ချနိုင်မယ်။ ✅ ကွန်ပျူတာ ပျက်တိုင်း ဆိုင်ပို့ရလို့ အလုပ်ပျက်တာတွေ ကာကွယ်နိုင်မယ်။ ✅ အလုပ်ကို ပိုပြီးအာရုံစိုက်ပြီးလုပ်နိုင်တာကြောင် ဝင်ငွေပိုတိုးလာနိုင်ပါမယ်။ Course Outline: ✅ Introduction to Computer Maintenance ✅ Overview of Computer Systems ✅ Hardware Components ✅ Software Components ✅ Exploring the main hardware components (CPU, RAM, motherboard, storage devices) ✅ Operating System (Window, Mac, iOS, Android) ✅ Building your own PC (16 key things to build a PC) ✅ Legacy BIOS & UEFI Firmware ✅ Septs of the Boot Process ✅ Partition Scheme (GPT, MBR) ✅ Disk Management ✅ User Account Management ✅ File System (NTFS, FAT32) ✅ Installation (Fonts, Software, Driver) ✅ Microsoft Window OS Installation ✅ Create Bootable Flash Drive ✅ Software & Hardware maintenance ✅ Antivirus and Security Software ✅ Window Command Prompt (Script) ✅ Backup System ✅ Recovery (System, Data, Window Password) ✅ Basics of Networking ✅ Advanced Options (Safe Mode) ✅ Basic Troubleshooting ✅ Using Diagnostic Tools (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Computer ပညာရပ်ကို စိတ်ပါဝင်စားသူ မည်သူမဆို တတ်လို့ရပါပြီ။
About lecturer
ဆရာဦးဟိန်းမင်းကျော်သည် KCC Computer Training Centre ရဲ့ Lead Trainer and Founder တစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ KCC ကို တည်ထောင်ခဲ့ပြီး ယနေ့အထိ နိုင်ငံအနှံ့မှ ၂၀၀၀၀ ကျော်သော ကျောင်းသား/သူများကို သင်ကြားပို့ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ICT ပညာရေးမှာ ဆယ်နှစ်ကျော်အတွေ့အကြုံရှိပြီး စနစ်ကျသော သင်ရိုး၊ ထိရောက်သော သင်ကြားမှုများဖြင့် In-Person & Online သင်တန်းများကို ဖန်တီးပေးလျှက်ရှိပါတယ်။ မိတ္ထီလာ စီးပွားရေး တက္ကသိုလ် (Meiktila University of Economics) တွင် MBA ဘာသာရပ်ကို လေ့လာနေပြီး စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ လက်တွေ့အသုံးချနိုင်မယ့် ICT သင်တန်းများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ လူတိုင်း မည်သည့်နေရာတွင်မဆို လွယ်ကူစွာ လေ့လာနိုင်စေရန် Online Platform များနှင့်ချိတ်ဆက်၍ သင်ကြားပို့ချပေးလျှက်ရှိပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings