TikTok Marketing Course
8 students enrolled in this course
Tiktok Marketing ဆိုသည်မှာ လုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချလိုသောထုတ်ကုန်၊ Services များကို Social Media Platform တစ်ခုဖြစ်သော Tiktok ကိုအသုံးပြုပြီး ရောင်းချခြင်းဖြစ်စဉ်များနှင့် ဈေးဝယ်သူများ ဝယ်ယူမှုများပြားလာစေရန် တွန်အားပေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ Traditional Marketing ဖြင့် ပြုလုပ်၍အဆင်မပြေနိုင်သော လုပ်ငန်းစဉ်များအား Digital ပေါ်တွင် လုပ်ဆောင်မှုများပြားလာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် TikTok Users များသည်လည်း များပြားလာသဖြင့် TikTok Platform ပေါ်တွင် မိမိလုပ်ငန်းများ၏ ကြော်ငြာများအား ပြုလုပ်ဆောင်ရွက်ခြင်းသည်လည်း အလွန်ကိုထိရောက်သော ကြော်ငြာနည်းစနစ် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Marketing နည်းလမ်းကောင်းများဖြင့် Tiktok ၏ စည်းမျဉ်းစည်းကမ်းများအားလိုက်နာ၍ ကောင်းမွန်စွာ ကြော်ငြာများပြုလုပ်နိုင်ရန်နှင့် Content Creation များ ပြလုပ်နိုင်ရန်ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေဖြင့် Digital Marketer များ Midea Buyers များ မငှားရမ်းနိုင်တဲ့ လုပ်ငန်းစတင်ဆဲ၊ ကြိုးစားဆဲအချိန်တွေမှာ ယခုသင်တန်းက များစွာပံ့ပိုးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ မိမိထုတ်ကုန် Video များကို နည်းစနစ်ကျစွာ၊ Marketing နည်းလမ်းကောင်းများဖြင့်ကြော်ငြာသွားနိုင်မှာဖြစ်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- ကိုယ်ပိုင်လုပ်ငန်း၊ Content Creation လုပ်ကိုင်နေသူ မည်သူမဆို တတ်လို့ရပါပြီ။
About lecturer
ဆရာဦးဝေယံဖြိုးသည် YC-Your Creative ၏ Lead Trainer and Founder တစ်ဦးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ YC-Your Creative ကို စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ နိုင်ငံအနှံ့မှ ၁၅၀ ကျော်သော ကျောင်းသား/သူများကို သင်ကြားပို့ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Marketing နယ်ပယ်တွင် ၇နှစ်ကျော် အတွေ့အကြုံရှိပြီး စနစ်ကျသော သင်ရိုး၊ ထိရောက်သော သင်ကြားမှုများ၊ လက်တွေ့အသုံးပြုနိုင်သော နည်းလမ်းများအား သင်တန်းကြေးသက်သာစွာဖြင့် In-Person & Online သင်တန်းများကို ဖန်တီးပေးလျှက်ရှိပါတယ်။ Marketing Diploma, Business Management, Digital Marketing Diploma များကို ရရှိထားပြီး Marketing နှင့် CapCut Video Editing ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ လက်တွေ့အသုံးချနိုင်မည့် CapCut Video Editing သင်တန်းများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ လူတိုင်း မည်သည့်နေရာတွင်မဆို လွယ်ကူစွာ လေ့လာနိုင်စေရန် Online Platform များနှင့်ချိတ်ဆက်၍ သင်ကြားပို့ချပေးလျှက်ရှိပြီး လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings