Course Intro

Embedded C Programming with PIC16F887 (Deep Learning For PIC Microcontroller)

star_border star_border star_border star_border star_border  (0.0 ratings)

 2 students enrolled in this course

Table of Contents
local_atm

150000 MMK

Get access to all videos in this course

Purchase this course Add to wishlist  favorite_border
About this course

• C programming ကို နားလည်ထားတယ်။ ဘယ်နေရာမှာအသုံးပြုရမှန်း မသိပဲ ဖြစ်နေတယ်ဆိုရင် ဒီသင်တန်းမှာ လေ့လာပါ။ C program ကို အသုံးပြုပြီး Electronic System တွေကို ဘယ်လို Control ပြုလုပ်နိုင်တယ် ဆိုတာ သင်ကြားပေးပါတယ်။ • Microcontroller တွေကို အသုံးပြုဖူးပြီး built-in library နဲ့ အပျော်တမ်း ရေးသားဖူးတယ် ဆိုရင် ဘာကြောင့် ဘယ် bit, I/O pin တွေကို LOGIC 1/0 ပေးတာက စလို့ မိမိ တပ်ဆင်လိုက်တဲ့ circuit နဲ့ ရေးရမဲ့ program logic တွေကိုပါ တွဲ နားလည်ချင်တယ်ဆို ရင် ဒီသင်တန်းမှာ လေ့လာပါ။ • built-in library တွေဆိုတာ ဒါမျိုးပါလားဆိုတာ ရှင်းရှင်းလင်းလင်းသိချင်ရင် ဒီသင်တန်းမှာ လေ့လာပါ။ • Deep Learning for PIC Microcontroller – Bit တစ်ခုချင်းကစလို့ ဘာကြောင့် ဒီတန်ဖိုး Logic 1/0 ပေးတယ် ဆိုတာက အစရှင်းပြေပေးထားလို့ ကိုယ်တိုင်လိုက်ပါ စဉ်းစားနိုင်ပြီး အခြေခံကျကျ နားလည်အောင် သင်ကြားပေးထားပါတယ်။ Embedded C Programming with PIC16F887 သင်တန်း သည် သင်တန်းသားများအား Microcontroller Programming ကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်ထားသော သင်တန်းဖြစ်ပါသည်။ သင်ခန်းစာများကို ကောင်းစွာလေ့လာပြီးပါက သင်တန်းသားများသည် PIC16F887 ၏ တည်ဆောက်ပုံ (Architecture) နှင့် Module များအလုပ်လုပ်ပုံကို နားလည်သည့်အပြင် MPLAB X IDE နှင့် XC8 Compiler ကို အသုံးပြုပြီး Embedded C Programming ကို တိကျ မှန်ကန်စွာ ရေးသားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် LED, LCD, Keypad, Sensor, Motor စသည့် Input/Output Devices များနှင့် တိုက်ရိုက် Interface လုပ်နိုင်သည့် လက်တွေ့ ကျွမ်းကျင်မှုကို ရရှိမည် ဖြစ်ပြီး Timer, Counter, PWM, ADC, UART, I²C, SPI စသည့် Module များကို ထိရောက်စွာ အသုံးချနိုင်မည် ဖြစ်ပါသည်။ PIC16F887 သင်ခန်းစာများကို ကောင်းစွာလေ့လာပြီး သူများသည် PIC Microcontroller များ၏ Architecture, Register Structure နှင့် Peripheral Module များအလုပ်လုပ်ပုံကို ကောင်းမွန်စွာ နားလည်သွားမည် ဖြစ်ပါသည်။ PIC16F887 သည် PIC16 Series တွင် အများဆုံးအသုံးပြုသော Microcontroller မျိုးဖြစ်ပြီး အခြေခံ Function များကို စုံလင်စွာပါဝင်သဖြင့် သင်ယူသူများအနေဖြင့် PIC တစ်မျိုးကိုသာ အပြီးသတ်ကျွမ်းကျင်သွားပါက PIC18 Series, PIC12 Series စသည့် အခြား PIC Family များကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Instruction Set, Register Mapping, Peripheral Configuration စသည်တို့မှာ တူညီသော နည်းစနစ်အပေါ်အခြေခံထားသဖြင့် သင်တန်းသားများအနေဖြင့် နောင်တွင် မည်သည့် PIC Series ကိုမဆို လွယ်ကူစွာ လေ့လာအသုံးချနိုင်ပြီး အချိန်တိုအတွင်းနားလည်နိုင်မည် ဖြစ်ပါသည်။ လက်တွေ့ အသုံးချနိုင်သည့် Counter System, Motor Speed Control, Data Logger, Control System စသည့် Project များကို တည်ဆောက်နိုင်သည့် စွမ်းရည်ကို ရရှိစေမည် ဖြစ်ပါသည်။ ထို့ကြောင့် Industrial Automation, Academic Projects, Research Work, Prototype Development စသည့် နယ်ပယ်များတွင် အသုံးချနိုင်သည့် အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုကို တပြိုင်နက်တည်း ရရှိမည် ဖြစ်ပါသည်။ Embedded System Programming အတွက် အခြေခံနှင့် လက်တွေ့ ကျွမ်းကျင်မှုကို ရရှိထားသောကြောင့် နောင်တွင် အခြား Microcontroller များ (ဥပမာ၊ STM32, Arduino, AVR, FPGA စသည်) သို့ အလွယ်တကူ ဆက်လက် လေ့လာနိုင်မည် ဖြစ်ပါသည်။ Video Lessons ပေါင်း ၂၇၀ ကျော်နှင့်အတူ PDF File များ၊ Photo များနှင့် Projects များစွာပါ အသေးစိတ် လေ့လာသင်ယူရမှာဖြစ်ပါတယ်။

Requirements
  • double_arrow Program ရေးမှာဖြစ်လို့ ကွန်ပျူတာ သုံးတတ်ပြီး၊ Electronic အခြေခံ နည်းနည်းသိရင်ရပါတယ်။ resistor
  • double_arrow capacitor
  • double_arrow transistor စတာတွေသိရင် ရပါတယ်။

About lecturer

ဆရာ ရန်လင်း သည် ၁၉၉၀ ခုနှစ် မတ်လ တွင် ဒလမြို့ ၌ မွေးဖွားခဲ့သည်။ B.E(Electronics) ဘွဲ့ကို ရရှိခဲ့ပြီး မဟာဘွဲ့ နှင့် ပါရဂူဘွဲ့ များ ဆက်လက်တတ် ရောက်ခဲ့ပါသည်။ Embedded System Design များ ရေးဆွဲရာတွင် အကြံပေးခြင်းနှင့် Program ရေးဆွဲပေးခြင်း၊ ပြည်ပတွင် Electronic နှင့် ပတ်သတ်သော certificate သင်တန်း များတတ်ရောက်လျှက်ရှိသော သင်တန်းသားများ၏ Embedded System နှင့် ပတ်သက်သော subject များကို ကူညီဖြေရှင်း ပေးခြင်း၊ ပြည်တွင်း တွင် Embedded System နှင့် ပတ်သက်သော Project များအား ကူညီဆောင်ရွက် ပေးခြင်းတို့ကို လုပ်ကိုင် လျက်ရှိပါသည်။ Embedded C Programming with PIC16F887 Volume-1 နှင့် Volume-2 တို့ကို ရေးသားထုတ်ဝေထားပါတယ်။

Courses by U Yan Lin Paing

lecturer

U Yan Lin Paing

Feedback

What other students turned professionals have to say about course after learning with us and reaching their goals.

Student Feedback
0.0
star_border star_border star_border star_border star_border

0 ratings

star star star star star
star star star star star_border
star star star star_border star_border
star star star_border star_border star_border
star star_border star_border star_border star_border

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy