Complete Guide to Wedding Photo
32 students enrolled in this course
ဓါတ်ပုံ ရိုက်ကူးရေးမှာ Pre Wedding & Wedding Photo / Graduation / Birthday Event / Portraits & Family Shoot / Corporate Profile Shoot / Commercial Photo စသည်ဖြင့် အမျိုးအစား များစွာရှိပါတယ်။ အဲဒီထဲကမှ ကျွန်တော် အခုသင်ကြားပေးမှာကတော့ မင်္ဂလာဆောင်ပွဲ Wedding Photo ရိုက်ကူးရေးမှာ ဘာတွေလိုအပ်လဲ? ဘာတွေကို သိထားသင့်သလဲ? မင်္ဂလာပွဲ တခုလုံးကို Teamwork ကောင်းကောင်းနဲ့ စီမံ ရမလဲဆိုတာကို Client နဲ့ တွေ့ဆုံချိန်ကစပီး နောက်ဆုံး Editing Result ထွက်တဲ့အထိ ကျွန်တော်ရဲ့ ရိုက်ကူးရေး အတွေ့အကြုံတွေကို သင်ကြားပေးထားပါတယ်။ သေချာတာတော့ ဒီသင်တန်းကို တက်ပြီးတာနဲ့ မင်္ဂလာဧည့်ခံပွဲကို အမှားအယွင်းမရှိ ကောင်းကောင်း စီမံခန့်ခွဲနိုင်မှာ အသေချာပါပဲ။ သင်ကြားပေးမဲ့ ဆရာကတော့ Wedding Industry မှာ ဆယ်စုနှစ်ကြာ အတွေ့အကြုံရှိတဲ့ သူတစ်ယောက် ဖြစ်ပီး Kingsman Photo Club ရဲ့ Owner & Photographer တစ်ယောက် လည်းဖြစ်ပါတယ်။ ဒီသင်တန်းကို ဘယ်သူတွေတက်ရောက်သင့်ပြီး ဘာတွေရသွားမလဲဆိုရင် ဓါတ်ပုံပညာကို ဝါသနာပါသူ၊ Wedding ပွဲစီစဉ်ရတာ စိတ်ဝင်စားသူ၊ Wedding Photo လုပ်ငန်းလုပ်ကိုင်ချင်သူနဲ့ အပျော်တမ်းဖုန်းနဲ့ Wedding ပုံ ရိုက်ချင်သူတွေ အတွက် Wedding တစ်ပွဲကို ဘယ်လိုစီစဉ်ဆောင်ရွက်ရမလဲဆိုတဲ့ Concept ကောင်းကောင်းရသွားမှာ ကျိန်းသေပါတယ်။ လေ့လာရမယ့်ပုံစံက သင်တန်းသားတွေ နားလည်လွယ်အောင် Photo & Video Insert တွေနဲ့ ရှင်းပြထားပြီး အသံရောအရုပ်ပါ Special မို့ Online Class ကို Visual Entertainment ဖြစ်စေတဲ့အတွက် သင်ခန်းစာတွေကို လေ့လာရာမှာ ပျင်းစရာကောင်းမှာ မဟုတ်ဘူးဆိုတာ အာမခံပါတယ်။ ကဲ…ဓါတ်ပုံပညာကို စိတ်ဝင်စားတဲ့ ညီငယ်၊ ညီမငယ်တွေကို Photography နဲ့ အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်းအောင် တစ်ဖက်တစ်လမ်းက ကူညီလိုက်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Photography Basic
About lecturer
မင်္ဂလာပါ ကျွန်တော်နာမည်က ရွှေဇံအောင်ပါ။ Kingsman Photo Club ရဲ့ Owner လည်းဖြစ်ပါတယ်။ ကျွန်တော် ဒီ Wedding photo မှာရှိနေတာ ဆယ်စုနှစ်ကျော်နေပြီဆိုတော့ ရိုက်ခဲ့တဲ့ပွဲတွေလဲ ထောင်ကျော်နေပါပြီ။ အဲ့ထဲကမှာမှ ကြုံတွေ့ရတဲ့ အခက်အခဲတွေ မှားခဲ့တာတွေကို Sharing ပြန်လုပ်ပေးခြင်းပဲဖြစ်ပါတယ်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings