German Class A(1.1)
24 students enrolled in this course
ဂျာမန်ဘာသာစကားမှာ GER Gemeinsamen Europäischen Referenzrahmens လို့ခေါ်တဲ့ ဥရောပနိင်ငံများရဲ့စံသတ်မှတ်ချက်အရ Level ၆ ခုရှိပါတယ်။ Elementary A 1, Pre Intermediate A 2, Intermediate B1, Upper Intermediate B2, Advanced C1, Proficiency C2 တို့ဖြစ်ပါတယ်။ အဲ့ဒီ Level ၆ ခုထဲကနေ Basic အတန်းလေးဖြစ်တဲ့ Elementary A1 မှ A(1.1) အတန်းလေး ကို စနစ်တကျသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ၁၂ ခု ပါရှိပြီး၊ Module ၄ ခုပါရှိမှာဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဆရာကတော့ ဦးသိန်းထွန်းဦး MA (Anthropology), Dip in German (YUFL), ဂျာမန်ဘာသာစကား ဧည့်လမ်းညွန်အဖြစ် (ဟိုတယ်/ခရီး) ဝန်ကြီးဌာန နဲ့ Road To Mandalay Cruise ပေါ်မှာ Senior German Speaking Tour Guide အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဂျာမန်ဘာသာစကား ဧည့်လမ်းညွှန်အဖြစ် အနှစ်၂၀ခန့် အတွေ့အကြုံရှိထားသူတစ်ဦး ဖြစ်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Grade11
About lecturer
ဂျာမန်ဘာသာဘွဲ့လွန် ဒီပလိုမာကိုရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၂၀၀၅ ခုနှ စ်တွင်ရရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ထိ ဟိုတယ် နှင့် ခရီးသွားလာရေး၀န်ကြီးငှာန Tourist Information Center တွင် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ လိုင်စင်ရ ဂျာမန်ဧည့်လမ်းညွန်အဖြစ် လုပ်ကိုင်ခဲ့ ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ Road to Mandalay အပျော်စီးသင်္ဘောပေါ်တွင် ဂျာမန် အင်္ဂလိပ်ဝါရင့် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ လက်ရှိမှာ ဂျာမန် ဘာသာစကားသင်တန်းများ ပို့ချလျက် ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings