Photoshop Retouching
2 students enrolled in this course
Photoshop for Photographers (Course Info) Adobe Photoshop ကို Photo Editing, Retouching , Manipulation, Graphic Design, Digital Painting စသည်ဖြင့်အသုံးပြုပုံအမျိုးမျိုးရှိတဲ့ထဲကမှ ဓါတ်ပုံဆရာတွေပဲလိုအပ်မယ့် Basic Tools တွေ Fundamental တွေ Technique တွေ Tricks တွေကို ပဲသီးသန့်ဆွဲထုတ်ပြီး အခြေခံမှစပြီး Commercial High-End Retouching Level အထိရေးဆွဲထားသော Course ဖြစ်ပါသည်။ Course ထဲမှာ Introduction, The Adobe Camera Raw, The Photoshop, Portrait Retouching, Landscape Retouching, Extras စသည်ဖြင့် Chapter ၆ ခုခွဲပြီးပြုလုပ်ထားပါသည်။ဒီ Course ကို Photoshop Application အတွေ့အကြုံလုံး၀မရှိသူများပါ တက်ရောက်နိုင်သည်အထိရေးဆွဲထားပါသည်။Course ထဲက သင်ခန်းစာများအကုန်ပြီးမြောက်သွားပါက Photoshop Application ထဲရှိ Built in Tools များကိုအသုံးပြုပြီး ဘာ Plugin မှထပ်မသုံးသည့်တိုင် မိမိတို့ရဲ့ မည်သည့်ပုံကိုမဆို ကြည့်ကောင်းသည်အထိ အစကနေအဆုံးပြင်နိုင်မည့်အပြင် Commercial / Portrait Photographer , Freelance Retoucher အဖြစ် အသက်မွေး နိုင်မည်ဖြစ်ပါသည်။ဒီသင်တန်းတက်ဖို့ဘာလိုမလဲ ဆိုတော့ Adobe Photoshop Application 2018 နှင့်အထက် အသုံးပြုနိုင်သော Desktop သို့မဟုတ် Laptop လိုပါမယ်၊သင်ခန်းစာတွေကိုကျော်မကြည့်ဖို့နဲ့ Exercise File တွေလေ့ကျင့်ဖို့လိုပါမယ်။ Chapter 1 - Introduction ဓါတ်ပုံတစ်ပုံ ပြင်ဖို့အတွက် လိုအပ်သော Basic Knowledge များကိုရှင်းပြပေးမှာဖြစ်ပါတယ်။ Chapter 2 - Adobe Camera Raw Adobe Camera Raw ထဲမှာ Raw Processing လို့ခေါ်တဲ့ Exposure, Color and Details စတဲ့ Basic Correction ပြုလုပ်နည်းများကို ရှင်းပြပေးမှာဖြစ်ပါတယ်။ Chapter 3 - Photoshop Tools Photoshop Application ထဲ Tools များတစ်ခုချင်းစီရဲ့ အသုံးပြုပုံအသုံးဝင်ပုံများကို Step by Step ရှင်းပြပေးမှာဖြစ်ပါတယ်။ Chapter 4 - Portrait Retouching လူအလှဓါတ်ပုံပြုပြင်ခြင်း Portrait Retouching ကို Project တစ်ခုစီအလိုက် အစကနေအဆုံးပြင်ပြပြီး ဘယ်လိုအခြေအနေဆို ဘယ်လိုပြုလုပ်သင့်တယ်ကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီ Chapter ပြီးဆုံးပါကလူပုံပါသည့် မည်သည့်ပုံမဆိုသဘာ၀ကျကျ Retouch လုပ်နိုင်မှာ ဖြစ်ပါတယ်။ Chapter 5 - Landscape Retouching ရှုခင်းပုံပြုပြင်ခြင်း Landscape Retouching ကို ရှင်းပြပေးမှာဖြစ်ပါတယ်။ ပျင်းစရာကောင်းသောမိမိတို့ရဲ့ရိုက်ကူးထားတဲ့ရှုခင်းများကို စိတ်ဝင်စား အောင်ပြုပြင်နိုင်မှာဖြစ်ပါတယ်။ Chapter 6 - Extras တခြားသော လိုအပ်မယ့် Photoshop Tips / Tricks and Technique များကို ထပ်ဖြည့်ထားသော Chapter ဖြစ်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Grade10
About lecturer
ဆရာမင်းသန့်ကို (ကိုဂိ)သည် ဓါတ်ပုံအတွေ့အကြုံ ၁၀နှစ်ခန့်ရှိပြီး၊ဓါတ်ပုံလောကထဲမဝင်ရောက်ခင်က Computer IT and Network Technician / Graphic Designer အဖြစ်အလုပ်လုပ်ခဲ့ကာနောက်ပိုင်းတွင် Click Tech Group, Click Art Creation, CAC.tv, CAC.edu, The Burmese Geek စသည်တို့ကို တည်ထောင်ခဲ့သူဖြစ်ပြီး Camera Academy Myanmar, (လှယဉ် - Hla Yin) The Untold Stories of us နဲ့ Alive Production တို့ရဲ့ Co-Founder တစ်ဦးဖြစ်ပါသည်။Sony, Canon, Fujifilm, Aputure, SIGMA, Digitek, ViewSonic နှင့် Synology စတဲ့Brand များနဲ့တွဲဖက်အလုပ်လုပ်ခဲ့ဖူးပြီး၊ကင်မရာတစ်လုံးကို အသေးစိတ်ကျကျလေ့လာသုံးစွဲကာ Social Media မှ Cinematography, Camera နဲ့ Photography Review Videos များကိုအလျဉ်းသင့်သလို မျှဝေပေးလျက်ရှိပါတယ်။ယခုအခါ Commercial ,Social ,Portrait ဓါတ်ပုံရိုက်ကူးခြင်း၊ဓါတ်ပုံသင်တန်းများကို Online သာမက One on One သင်ကြားခြင်း၊Freelance Photo Retouch Service ပြုလုပ်ခြင်းစတဲ့အလုပ်အကိုင်များဖြင့် အသက်မွေးလျက်ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings