Photography Basic Course
2 students enrolled in this course
- အခြေခံမှစပြီး Camera အသုံးပြုပုံနည်းစနစ် ၊ Photo Editing အထိ စနစ်တကျ တက်မြောက်ချင်သူများ - Camera ဝယ်ထားပြီး Auto Mode က ထက်ပိုပြီးရိုက်ချင်သူများ - ဝါသနာတူ စိတ်တူကိုယ်တူ Photographer Community လိုချင်သူများ - နယ်ဝေးမှ ဓါတ်ပုံပညာ သင်ယူချင်သူများနှင့် ဓါတ်ပုံပညာသင်ရန် အချိန်သီးသန့်မပေးနိုင်သူများ - ဓါတ်ပုံပညာဖြင့် အသက်မွေးဝမ်းကျောင်းအစပြုရန် ပြင်ဆင်နေသူများအတွက် အခြေခံမှစပြီး တတ်မြောက်သည်အထိ နည်းစနစ်တစ်ကျသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ဓါတ်ပုံဝါသနာအားအခြေခံမှစပြီးနည်းစနစ်တစ်ကျ တတ်မြောက်လိုသောသူများအနေဖြင့်တက်ရောက်နိုင်သော Course လေးဖြစ်ပါသည် ။ ဒီသင်တန်းကိုတက်ဖို့ဘာလိုမလဲဆိုတော့ လက်ရှိ Camera မရှိသော်လဲ Camera ဝယ်ဖို့အစီအစဉ်ရှိသူဖြစ်ရပါမည်။ သင်ခန်းစာတွေ ကျော်မကြည့်ဖို့လိုပါမည် ။ Chapter 1 - Introduction သင်တန်းအတွက်လိုအပ်မယ့် အချက်လက်များကိုရှင်းပြမယ့် Session ဖြစ်ပါတယ် ။ Chapter 2 - Equipment Session Camera တွေ Lens တွေသာမက တခြားသော ဓါတ်ပုံဆရာတွေလိုအပ်မယ့် ဆက်စပ်ပစ္စည်းများ အကြောင်းကို မိတ်ဆက်ပေးမယ့်အပိုင်းဖြစ်ပါတယ်။ ဒီအခန်းပြီးသွားပြီဆိုရင်တော့ Camera တွေ Lens တွေမှာ ဘယ် Lens က ဘယ်လို အားသာတယ်ဆိုတာနဲ့ ကိုယ်နဲ့ကိုက်မယ့် Camera ကို ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။ Chapter 3 - Technical Session Camera မှာ အသုံးပြုရမယ့် Camera Technical အကြောင်းတွေ Menu တွေခလုတ်တွေ နဲ့ Exposure အကြောင်းတွေကို မိတ်ဆက်ပေးမယ့် အပိုင်းဖြစ်ပါတယ်။ ဒီအခန်းကိုလေ့လာပြီးသွားပါက Camera တစ်လုံးကို ကောင်းကောင်းအသုံးပြုတတ်ပြီး Manual Mode နဲ့ စတင်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Chapter 4 - Creative Session ဒီ creative အပိုင်းမှာတော့ Composition Theory တွေ Color theory တွေအကြောင်း ရှင်းပြမှာ ဖြစ်ပြီးတော့ Portrait / Landscape ရိုက်ကူးသည့် အခါ Framing ဘယ်လိုယူရတယ်၊ ဘယ်လို သတိထားရတယ် စသည်ဖြင့် ဓါတ်ပုံဆရာတစ်ယောက်ရဲ့ အမြင်ကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ Chapter 5 - Lighting Session ဒီမှာတော့ အလင်းနဲ့ ပတ်သတ်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Natural Light, Artificial Light, Flash စသည်တို့ကို Indoor / Outdoor အသုံးချပုံကို သင်ပေးသွားမှာဖြစ်ပါတယ်။ Chapter 6 - Lightroom Session အပေါ်မှာ လေ့လာခဲ့တဲ့ Knowledge တွေကို အသုံးချပြီးတော့ ရိုက်ကူးထားတဲ့ ပုံတွေကို Lightroom နဲ့ ဘယ်လိုပြင်ရင် ဘယ်လိုရတယ်ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာ အထိရောက်လာပြီဆိုရင်တော့ ဓါတ်ပုံတစ်ပုံကို အစ အလယ် အဆုံး ရိုက်ကူး Edit နိုင်မှာဖြစ်ပါတယ်။ Chapter 7 - Extra နောက်ထပ်တိုး ထပ်ဖြည့်ထားတဲ့ သင်ခန်းစာတွေ စုစည်းထားတဲ့ နေရာဖြစ်ပါတယ်။ (သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။)
- Grade 10
About lecturer
ဆရာကောင်းမြတ်သူသည် ဓါတ်ပုံနှင့် ပတ်သက်သော ဗဟုသုတများကို Knowledge Sharing လုပ်ပေးတဲ့ “ဓါတ်ပုံဝါသနာရှင်တစ်ယောက်” Facebook Page ရဲ့ Founder ဖြစ်ပါတယ်။ Industry အတွေ့အကြုံအနေနဲ့ Nikon, Canon, Fujifilm, Sony, Lumix, Sigma, Viewsonic, Samsung, Oppo, iSure, Kase စသည့် Brand များဖြင့် တွဲဖက်အလုပ်လုပ်ဖူးခဲ့ပါတယ်။၂၀၁၇ တွင် Nikon School Myanmar ရဲ့ ပထမဆုံး Photography Instructor အနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ၂၀၁၈ တွင် ကိုယ်ပိုင် Production အနေနဲ့ REDcord Production ကိုစတင်တည်ထောင်ခဲ့ကာ ၂၀၁၈ Influencer of the Year Award ကို Video Creator Category မှာဆွတ်ခူးရရှိခဲ့ပါတယ်။၂၀၁၉ တွင် Ministry of Hotel & Tourism နဲ့ ပူးပေါင်းကာ မြန်မာပြည်အနှံ Video ရိုက်ကူးရေးများ ပြုလုပ်ခဲ့ပြီး၊ ၂၀၂၀ တွင် Camera Academy Myanmar အွန်လိုင်းသင်တန်းကျောင်းကို စတင်တည်ထောင်ခဲ့ပါတယ်။ ယခုအချိန်တွင် Social Influencer, Video Creator, Educator, Freelancer တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings