Course Intro

Fiber Optic Technology Course

star_border star_border star_border star_border star_border  (0.0 ratings)

 0 students enrolled in this course

Table of Contents
local_atm

395000 MMK 95000 MMK

Get access to all videos in this course

Purchase this course Add to wishlist  favorite_border
About this course

Fiber Optic Technology ဆိုတာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ နေထိုင်ဖို့၊ လေ့လာသင်ယူဖို့နဲ့ အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ Mobile Phone ကွန်ရက်တွေနဲ့ အင်တာနက်ချိတ်ဆက်ရေး နည်းပညာတွေမှာ ကြားခံအသုံးပြုနေရတဲ့ Fiber Optic နည်းပညာအကြောင်းကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Telecom, IT နဲ့ Network Technology အပိုင်းတွေမှာ အလုပ်ဝင်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲဖို့ပဲဖြစ်ဖြစ်၊ နေ့စဉ်လုပ်ငန်းခွင် ဆက်ကြောင်း တည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးတွေမှာပဲဖြစ်ဖြစ် Fiber Optic Cable Route တွေ၊ Social Media တွေနဲ့ Device တွေကို ကျွမ်းကျင်စွာ အသုံးချတတ်ဖို့ လိုအပ် လာပါပြီ။ အခုနောက်ပိုင်း Telecom, IT နဲ့ Network Technology အလုပ်ခေါ်စာတွေမှာဆိုရင်လဲ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုအပြင် Fiber Optic Technology နဲ့ပတ်သက်တဲ့ Knowledge ရှိထားတဲ့သူတွေ၊ အထူးသဖြင့် ဒီလိုအတန်းမျိုးတွေ တက်ရောက်ပြီး မြောက်ထားတဲ့သူတွေက ပိုပြီးအလုပ်အကိုင်အခွင့်အရေး ရရှိကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် အထူးသဖြင့် လုပ်ငန်းကို စီမံခန့်ခွဲနေရတဲ့ Management Level တွေနဲ့ တခြားသူတွေကို Knowledge Share လုပ်ပေးနေရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ်က Knowledge အားနည်းလို့ Telecom Industry နဲ့ IT လုပ်ငန်းပိုင်းတွေမှာ အထင်အသေးမခံရအောင် ရည်ရွယ်ပြီးတော့ ဒီ Fiber Optic Technology - Online Course လေးကို စီစဉ်ဖြစ်သွားတာပါ။ ဒီ Class လေးမှာဆိုရင်တော့ မသိမဖြစ် မဖြစ်မနေသိထားသင့်တဲ့ အခန်းပေါင်း (၃၅) ခုကို သေချာလေး လေ့လာသွားရမှာ ဖြစ်ပါတယ်။ ✅ Fiber Optic Technology မှာ ပါဝင်မဲ့ အပိုင်းတွေရဲ့ Overview ကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ What is Fiber Optic? ဆိုတဲ့ Fiber Optic ဆိုတာ ဘာလဲဆိုတာကို စတင်ပြီး လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Fiber Manufacture ဆိုတဲ့ ဖန်မျှင်ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Fiber Types လို့ခေါ်တဲ့ ပုံမှန်သင်တန်းမတက်ထားရင် မသိနိုင်တဲ့ ဖန်မျှင် အမျိုးအစားတွေ ခွဲခြားပုံကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ G652 ဆိုတဲ့ ဖန်မျှင်ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲဆိုတာကို လေ့လာ သိရှိရမှာ ဖြစ်ပါတယ်။ ✅ G654 ကနေ G657 အထိ ဖန်မျှင်တွေက ဘယ်လိုခြားနားပြီး ဘယ်နေရာတွေမှာ သုံးလဲဆိုတာကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Single Mode နဲ့ Multi-Mode တို့ရဲ့ ခြားနားချက်တွေနဲ့ အရောင်ကာလာတွေကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ SM နဲ့ MM Laser တွေက ဘာကွာခြားလဲဆိုတဲ့ အလင်းပို့လွှတ်မှုအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Fiber Optic Design ဆိုတဲ့ ဖန်မျှင်ကို တည်ဆောက်ထားတဲ့ Structure အကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ ဖန်မျှင်ဆက်ကြောင်းတွေမှာ အလွန်အရေးကြီးတဲ့ Attenuation နဲ့ Losses တွေအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Fiber Optic Transmission မှာ အလင်းသယ်ဆောင်ပေးတဲ့ အထူးမှတ်ထားဖို့ အရေးကြီးတဲ့ Wavelength လှိုင်းတွေအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Link Loss Calculation လို့ခေါ်တဲ့ စက်ကိရိယာမပါဘဲ တွက်ချက်ရမဲ့ စံနှုန်းတွေကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Micro Banding ဆိုတာ ဖန်မျှင်ဆက်ကြောင်းမှာ ဘယ်လောက်ကြောက်ဖို့ ကောင်းလဲ ဆိုတာကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ CD နဲ့ PMD Test တွေကို ဘယ်လိုအချိန်မျိုးမှာ တိုင်းတာဖို့ လိုအပ်လဲဆိုတာကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Fiber Optic Cable Production လို့ခေါ်တဲ့ ကေဘယ်ကြိုးထုတ်လုပ်ပုံ အဆင့်ဆင့် ကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ တစ်ကမ္ဘာလုံး အသုံးပြုနေပြီး အခြေခံအနေနဲ့ သိရှိထားရမဲ့ ဖန်မျှင်မှာ ခွဲခြား သတ်မှတ်ထားတဲ့ Fiber Optic Color အရောင်များအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ OH Cable နဲ့ UG Cable တွေရဲ့ တည်ဆောက်ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အသေးစိတ် လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ အမျိုးမျိုးသော Types of Connector တွေကို သိရှိပြီး သင့်တော်မဲ့နေရာတွေမှာ အသုံးပြုတတ်အောင် လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ How does Fiber Optic Work? ဆိုတဲ့ ဖန်မျှင်နဲ့ အလင်းဖြတ်သန်းသယ်ဆောင်ပုံ အဆင့်ဆင့်ကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ ဖန်မျှင်ကို အသုံးပြုခြင်းအားဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ Good result list အကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Tx နဲ့ Rx အကြောင်းအရာတွေကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ What is Fiber Optic Network? ဆိုတာနဲ့ ယခုသင်ခန်းစာတွေကို လေ့လာပြီးရင် ဆောင်ရွက်လုပ်ကိုင်နိုင်မဲ့ စီမံကိန်းတွေအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ ✅ Next Subject အနေနဲ့ ဆက်စပ်ပြီး ထပ်မံလေ့လာမယ်ဆိုရင် မိမိအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး Telecom Engineer Professional တစ်ဦးအဖြစ် ရပ်တည်လို့ရမဲ့ သင်တန်းတွေအကြောင်းကို လေ့လာသိရှိရမှာ ဖြစ်ပါတယ်။ Start Date သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။

Requirements
  • double_arrow ယနေ့ခေတ် နည်းပညာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေသူ မည်သူမဆို တက်လို့ရပါပြီ။

About lecturer

ဆရာ ဦးကျော်ထွန်းလင်းသည် Royal S7 Engineering Co., Ltd. နှင့် Telecom Engineering Training Center တို့၏ Founder နှင့် Chief Trainer တစ်ဦးဖြစ်ပြီး IQ Tech Telecom & Network Solution ၏ CEO လည်း ဖြစ်ပါသည်။ ပညာအရည်အချင်းအနေဖြင့် တောင်ငူနည်းပညာတက္ကသိုလ် (TU Taungoo) မှ Electrical Engineering နှင့် ပဲခူးတက္ကသိုလ်မှ B.Sc. (Physics) အထူးပြု ဘာသာရပ်တို့ကို ရရှိထားပါသည်။ ထို့အပြင် EIU Paris မှ MBA (General Management) ဘွဲ့ကို ရရှိထားပြီး ပြည်တွင်း၌ Professional Business Coach နှင့် NLP Trainer တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။ လုပ်ငန်းခွင်အတွေ့အကြုံအနေဖြင့် Telecom Industry တွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း (၁၅) နှစ်တိုင်တိုင် Project Manager ရာထူးဖြင့် ကိုယ်တိုင်ဦးဆောင် တည်ဆောက်ခဲ့ပြီး Fiber Optic Cable စက်ရုံမှူး အတွေ့အကြုံ လည်း ရှိခဲ့ပါသည်။ ထိုကာလများအတွင်း MPT, Atom, U9, MFOCN နှင့် Eager စသည့် ကုမ္ပဏီများ၏ ပြည်တွင်းစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုများအနေဖြင့် Fiber to the home (FTTH) Technology အပိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော FTTH Council EURO ၏ အာရှပထမဦးဆုံး Pioneer Batch သို့ သွားရောက် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် Fusion Splicer နှင့် Fiber Optic Testing နည်းပညာများကို တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း နှင့် ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများရှိ Fujikura, Sumitomo, EXFO နှင့် Vina OFC စသည့် ပါတနာကုမ္ပဏီများနှင့် ကျွမ်းကျင်ဆရာများထံတွင် ကိုယ်တိုင်လေ့လာသင်ယူခဲ့ပြီး ပြည်တွင်းတည်ဆောက်ရေး အတွေ့အကြုံများဖြင့် ပေါင်းစပ်ဖန်တီးထားပါသည်။ ဆရာသည် ကိုယ်တိုင်လေ့လာဆည်းပူးခဲ့သော Fiber Optic Technology များ၊ လုပ်ငန်းခွင်နှင့် စီးပွားရေးအတွေ့အကြုံများကို ပေါင်းစပ်ကာ စနစ်ကျသောသင်ရိုးများ ရေးဆွဲ၍ ၂၀၁၉ ခုနှစ်မှ စတင်ပြီး Telecom Engineering ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ (In Person & Online) သင်ကြားပို့ချပေးခဲ့ပါသည်။ ယနေ့အထိ ပြည်တွင်း ပြည်ပနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းခွင်ဝင်လူငယ်များ၊ နည်းပညာ ကျောင်းသားများ၊ တယ်လီကွန်းကျွမ်းကျင်သူများနှင့် အင်တာနက် ဝန်ဆောင်မှု (ISP) စွန့်ဦးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အချို့မှာ ကိုယ်ပိုင်လုပ်ငန်းရှင် များအဖြစ် အောင်မြင်စွာ ရပ်တည်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံအနှံ့ရှိ လုပ်ငန်းရှင် ဖြစ်ချင်သော လူငယ်လူလတ်များစွာကိုလည်း FTTH ISP Business အတန်းများ ဖွင့်လှစ်မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါတွင် အနာဂတ်လူငယ်များ Telecom နည်းပညာများကို စနစ်တကျ လေ့လာနိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် လူငယ်စွန့်ဦးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် အထူးရည်ရွယ်ချက်ဖြင့် L2E သင်တန်းစတိုး Online Education Platform တွင် ပါဝင်အားဖြည့် သင်ကြားပေး လျက်ရှိပါသည်။

Courses by U Kyaw Htun Linn
course
Fiber Optic Technology Course
star star star star_border star_border
course
Fusion Splicer & What is Fiber Optic Installation Course
star star star star_border star_border
course
Fiber Optic Testing Course
star star star star_border star_border
course
How to start up FTTx ISP Business Course
star star star star_border star_border
course
How to Start up Sub Contractor Business Course
star star star star_border star_border
course
Types of Fiber Optic Projects Course
star star star star_border star_border

lecturer

U Kyaw Htun Linn

Feedback

What other students turned professionals have to say about course after learning with us and reaching their goals.

Student Feedback
0.0
star_border star_border star_border star_border star_border

0 ratings

star star star star star
star star star star star_border
star star star star_border star_border
star star star_border star_border star_border
star star_border star_border star_border star_border

e-learning

L2E-Myanmar

Copyright © Xsphere. All rights reserved. Privacy & Policy