Fusion Splicer & What is Fiber Optic Installation Course
1 students enrolled in this course
395000 MMK
95000 MMK
Get access to all videos in this course
Purchase this course Add to wishlistFusion Splicer ဆိုတာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ နေထိုင်ဖို့၊ လေ့လာသင်ယူဖို့နဲ့ အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ Mobile Phone ကွန်ရက်တွေနဲ့ အင်တာနက်ချိတ်ဆက်ရေး နည်းပညာတွေမှာ သုံးတဲ့ စက်တစ်လုံးဖြစ်ပါတယ်။ ဒီစက်က Fiber Optic Cable Backbone လမ်းကြောင်းတွေ၊ မိုဘိုင်းဖုန်းတာဝါတိုင် တစ်ခုနဲ့တစ်ခု ကြားခံဆက်ကြောင်းတွေ၊ Fiber to the home WiFi အင်တာနက် တပ်ဆင်တဲ့ ဆက်ကြောင်းတွေနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ပင်လယ်ကူး Sub Marine Cable ဆက်ကြောင်းတွေမှာ Fiber Optic Core တွေကို Core to Core ဖန်မျှင်အရည်ဖျော်ပြီး ဆက်ပေးတဲ့ နည်းပညာကို အသုံးပြုထားတာပါ။ ဒါကြောင့် Fiber Optic Project တွေမှာ မရှိမဖြစ်၊ မသိမဖြစ် တတ်ကျွမ်းထားရမဲ့ စက်ပစ္စည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Telecom, IT နဲ့ Network Technology အပိုင်းတွေမှာ အလုပ်ဝင်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲဖို့ပဲဖြစ်ဖြစ်၊ နေ့စဉ်လုပ်ငန်းခွင် ဆက်ကြောင်းတည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးတွေမှာပဲဖြစ်ဖြစ် Fiber Optic cable route တွေ၊ social media တွေနဲ့ device တွေကို Fusion Splicer အသုံးပြုပြီး Splicing နဲ့ Installation ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို့ လိုအပ်လာပါပြီ။ အခုနောက်ပိုင်း Telecom, IT နဲ့ Network Technology အလုပ်ခေါ်စာတွေမှာဆိုရင် သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုအပြင် Fiber Optic Technology နဲ့ Knowledge ရှိထားမယ်၊ Project တည်ဆောက်တဲ့အခါမှာလဲ ကိုယ်တိုင် Fusion Splicer ကို ကောင်းကောင်းသိထားပြီး အသုံးပြုနိုင်မယ်ဆိုရင် ပိုပြီးအလုပ်အကိုင်အခွင့်အရေး ရရှိကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဒီလိုအတန်းမျိုးတွေ တက်ရောက်ပြီး မြောက်ထားတဲ့သူတွေဆိုရင် ပိုပြီး အခွင့်အရေးသာပါတယ်။ ဒါကြောင့် အထူးသဖြင့် လုပ်ငန်းကို စီမံခန့်ခွဲနေရတဲ့ Management Level တွေနဲ့ တခြားသူတွေကို Knowledge Share လုပ်ပေးနေရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ်က Knowledge အားနည်းလို့ Telecom Industry နဲ့ IT လုပ်ငန်းပိုင်းတွေမှာ အထင်အသေးမခံရအောင် ရည်ရွယ်ပြီးတော့ ဒီ Fusion Splicer and What is Fiber Optic Installation Subject - Online Course လေးကို စီစဉ်ဖြစ်သွားတာပါ။ ဒီ Class လေးမှာဆိုရင်တော့ မသိမဖြစ် မဖြစ်မနေသိထားသင့်တဲ့ အခန်းပေါင်း (၃၈) ခုကို သေချာလေး လေ့လာသွားရမှာ ဖြစ်ပါတယ်။ ✅ Fusion Splicer တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို သေချာစွာ သိရှိသွားမှာဖြစ်လို့ လုပ်ငန်းခွင်နဲ့ မိမိတို့ရဲ့ Telecom နဲ့ WiFi internet စီးပွားရေးမှာ များစွာ အကျိုးပြုမှာ ဖြစ်ပါတယ်။ ✅ ကျွန်တော်ကိုယ်တိုင် စက်ရုံမှူးဘဝနဲ့ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့မှာ သွားရောက်သင်ယူလေ့လာခဲ့တဲ့ အသိပညာတွေအပြင် ပြည်တွင်းမှာ တည်ဆောက်ခဲ့တဲ့ Fiber Optic Backbone နဲ့ FTTH ODN Project များစွာရဲ့ လက်တွေ့အတွေ့အကြုံတွေလဲ ပါဝင်ပါတယ်။ ✅ သင်တန်းပြီးသွားရင် ကိုယ်တိုင်လဲ Fusion Splicer စက်အကြောင်းကို ကောင်းကောင်းသိရှိတတ်ကျွမ်းသွားပြီး စီမံကိန်းတွေကို ကိုယ်တိုင်လုပ်ကိုင် လာနိုင် ပါမယ်။ နိုင်ငံအသီးသီးက ထုတ်လုပ်ထားတဲ့ ဘယ်လိုစက်အမျိုးအစားကိုမဆို လွယ်ကူ စွာလေ့လာနိုင်မဲ့အပြင် ပစ္စည်းပြန်လည်ရောင်းချခြင်းတွေကိုပါ လုပ်ကိုင်လာနိုင်ပါမယ်။ မိမိရဲ့ အသင်းအဖွဲ့ကိုလဲ စက်တွေ ပိုမိုထိန်းသိမ်းတတ်လာအောင်နဲ့ အကောင်းဆုံး ဖြစ်တဲ့ losses 0.00dB ဘယ်လိုရအောင် လုပ်ရမလဲဆိုတာတွေကိုပါ စနစ်တကျ စီမံခန့်ခွဲနိုင်သွားမှာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေအပြင် ပြင်ပမှာလဲ ကိုယ်တိုင်လာရောက် လေ့ကျင့်လို့ရသလို လုပ်ငန်းခွင်ကိုလဲ လာရောက်လေ့လာနိုင်ပါတယ်။ Fusion Splicer စက်နဲ့ အသုံးပြုပုံကို သိရှိနားလည်သွားပြီဆိုရင် မိမိဆက်ထားတဲ့ ဆက်ကြောင်းတွေရဲ့ Result ဘယ်လိုရှိလဲဆိုတဲ့ အခြေအနေနဲ့ ဘာကြောင့် Losses ကောင်းတယ်၊ မကောင်းဘူးဆိုတာ သိချင်ရင်တော့ Fiber Optic Testing အပိုင်းကို ဆက်လက်လေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။ Start Date သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။
- ယနေ့ခေတ် နည်းပညာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေသူ မည်သူမဆို တက်လို့ရပါပြီ။
About lecturer
ဆရာ ဦးကျော်ထွန်းလင်းသည် Royal S7 Engineering Co., Ltd. နှင့် Telecom Engineering Training Center တို့၏ Founder နှင့် Chief Trainer တစ်ဦးဖြစ်ပြီး IQ Tech Telecom & Network Solution ၏ CEO လည်း ဖြစ်ပါသည်။ ပညာအရည်အချင်းအနေဖြင့် တောင်ငူနည်းပညာတက္ကသိုလ် (TU Taungoo) မှ Electrical Engineering နှင့် ပဲခူးတက္ကသိုလ်မှ B.Sc. (Physics) အထူးပြု ဘာသာရပ်တို့ကို ရရှိထားပါသည်။ ထို့အပြင် EIU Paris မှ MBA (General Management) ဘွဲ့ကို ရရှိထားပြီး ပြည်တွင်း၌ Professional Business Coach နှင့် NLP Trainer တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။ လုပ်ငန်းခွင်အတွေ့အကြုံအနေဖြင့် Telecom Industry တွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း (၁၅) နှစ်တိုင်တိုင် Project Manager ရာထူးဖြင့် ကိုယ်တိုင်ဦးဆောင် တည်ဆောက်ခဲ့ပြီး Fiber Optic Cable စက်ရုံမှူး အတွေ့အကြုံ လည်း ရှိခဲ့ပါသည်။ ထိုကာလများအတွင်း MPT, Atom, U9, MFOCN နှင့် Eager စသည့် ကုမ္ပဏီများ၏ ပြည်တွင်းစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုများအနေဖြင့် Fiber to the home (FTTH) Technology အပိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော FTTH Council EURO ၏ အာရှပထမဦးဆုံး Pioneer Batch သို့ သွားရောက် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် Fusion Splicer နှင့် Fiber Optic Testing နည်းပညာများကို တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း နှင့် ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများရှိ Fujikura, Sumitomo, EXFO နှင့် Vina OFC စသည့် ပါတနာကုမ္ပဏီများနှင့် ကျွမ်းကျင်ဆရာများထံတွင် ကိုယ်တိုင်လေ့လာသင်ယူခဲ့ပြီး ပြည်တွင်းတည်ဆောက်ရေး အတွေ့အကြုံများဖြင့် ပေါင်းစပ်ဖန်တီးထားပါသည်။ ဆရာသည် ကိုယ်တိုင်လေ့လာဆည်းပူးခဲ့သော Fiber Optic Technology များ၊ လုပ်ငန်းခွင်နှင့် စီးပွားရေးအတွေ့အကြုံများကို ပေါင်းစပ်ကာ စနစ်ကျသောသင်ရိုးများ ရေးဆွဲ၍ ၂၀၁၉ ခုနှစ်မှ စတင်ပြီး Telecom Engineering ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ (In Person & Online) သင်ကြားပို့ချပေးခဲ့ပါသည်။ ယနေ့အထိ ပြည်တွင်း ပြည်ပနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းခွင်ဝင်လူငယ်များ၊ နည်းပညာ ကျောင်းသားများ၊ တယ်လီကွန်းကျွမ်းကျင်သူများနှင့် အင်တာနက် ဝန်ဆောင်မှု (ISP) စွန့်ဦးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အချို့မှာ ကိုယ်ပိုင်လုပ်ငန်းရှင် များအဖြစ် အောင်မြင်စွာ ရပ်တည်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံအနှံ့ရှိ လုပ်ငန်းရှင် ဖြစ်ချင်သော လူငယ်လူလတ်များစွာကိုလည်း FTTH ISP Business အတန်းများ ဖွင့်လှစ်မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါတွင် အနာဂတ်လူငယ်များ Telecom နည်းပညာများကို စနစ်တကျ လေ့လာနိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် လူငယ်စွန့်ဦးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် အထူးရည်ရွယ်ချက်ဖြင့် L2E သင်တန်းစတိုး Online Education Platform တွင် ပါဝင်အားဖြည့် သင်ကြားပေး လျက်ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings
