How to start up FTTx ISP Business Course
0 students enrolled in this course
395000 MMK
195000 MMK
Get access to all videos in this course
Purchase this course Add to wishlistHow to Start up FTTx ISP Business ဆိုတာကတော့ ကျွန်တော်တို့ နေ့စဉ်လူမှုပတ်ဝန်းကျင်မှာ နေထိုင်ဖို့၊ လေ့လာသင်ယူမှုတွေ ပြုလုပ်ဖို့၊ အလုပ်လုပ်ဆောင်ဖို့နဲ့ ယနေ့ခေတ်မှာ မိမိဆီမှာ စုဆောင်းထားတဲ့ အရင်းအနှီးလေးနဲ့ နည်းပညာစီးပွားရေးတစ်ခု ဒါမှမဟုတ် တယ်လီကွန်းစီးပွားရေးလုပ်ငန်းတစ်ခုအတွက် မဖြစ်မနေလိုအပ်တဲ့ အင်တာနက်ချိတ်ဆက်ရေး နည်းပညာတွေနဲ့ ဘယ်လိုစတင်လို့ရမဲ့အကြောင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ Telecom, IT နဲ့ Network Technology အပိုင်းတွေမှာ အလုပ်ဝင်ဖို့အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲဖို့ဖြစ်စေ၊ နေ့စဉ်လုပ်ငန်းခွင်မှာ ဆက်ကြောင်း တည်ဆောက်ရေးဖြစ်စေ၊ ပြုပြင်ထိန်းသိမ်းရေးအတွက်ဖြစ်စေ Fiber Optic cable route တွေ၊ Social Media တွေနဲ့ Device တွေကို ကျွမ်းကျင်စွာ အသုံးချတတ်ဖို့ လိုအပ်သလို အခြားတစ်ဖက်မှာလဲ ဆက်သွယ်ရေး ကွန်ရက်ကို ကောင်းမွန်စွာ ချိတ်ဆက်နေမှ ရပါမယ်။ ဒါမှသာ မိမိတို့ လုပ်ငန်းခွင်၊ စီးပွားရေးနဲ့ လူနေမှုဘဝတွေမှာ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်၊ နည်းပညာနဲ့ စီးပွားရေး တိုးတက်ပြောင်းလဲမှုတွေကို Mobile နဲ့ WiFi connection ရရှိမှသာလျှင် လုပ်ကိုင်လို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေအနေနဲ့ တစ်ဦးတည်းပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် ပူးပေါင်းပြီး မိမိတို့ ဝါသနာပါရာကို လုပ်ကိုင်မယ်ဆိုရင် အခု FTTx ISP Business က အကောင်းဆုံးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက သင်တန်းတက်ရောက်ပြီး လုပ်ငန်းစတင်ထားကြတဲ့ မြို့နယ်တွေကိုလဲ အနည်းငယ် မျှဝေပေးချင်ပါတယ်။ (၁) ဒလမြို့၊ (၂) မန္တလေးမြို့၊ (၃) မုံရွာမြို့၊ (၄) ကလေးမြို့၊ (၅) ပုဂံ၊ ညောင်ဦးမြို့၊ (၆) သထုံမြို့၊ (၇) ချောင်းဆုံမြို့၊ (၈) မြိတ်မြို့၊ (၉) ကျိုင်းတုံမြို့၊ (၁၀) တာချီလိတ်မြို့၊ (၁၁) မြစ်ကြီးနားမြို့၊ (၁၂) သံတွဲမြို့၊ (၁၃) ရေတာရှည်မြို့၊ (၁၄) တောင်ကြီးမြို့၊ (၁၅) နေပြည်တော်၊ (၁၆) လယ်ဝေး၊ (၁၇) ပုသိမ်၊ (၁၈) ငွေဆောင်၊ (၁၉) လှည်းကူး၊ (၂၀) ထန်းတပင် (ပဲခူး) တို့ပဲ ဖြစ်ပါတယ်။ ဒီ Class လေးမှာတော့ မသိမဖြစ် သိထားရမဲ့ အခန်း (၉) ခုကို လေ့လာရမှာ ဖြစ်ပါတယ်။ ✅ သင်ခန်းစာ (၁) ကနေ (၉) အထိမှာ FTTx ISP Business မစတင်ခင်နဲ့ စတင်မယ်ဆိုရင် သိရှိထားရမဲ့ အချက်တွေနဲ့ နည်းပညာအရေးကြီးပုံကို အဆင့်ဆင့် တစ်ဆင့်ချင်း ရှင်းလင်းစွာ သိရှိသွားမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ပြီးဆုံးတာနဲ့ ကိုယ်တိုင် နည်းပညာလေ့လာပြီး တည်ဆောက်မှာလား၊ ဒါမှမဟုတ် နည်းပညာကျွမ်းကျင်သူကို ဦးဆောင်လုပ်ခိုင်းမှာလား ရွေးချယ်ပြီး မိမိလက်ထဲမှာ အရင်းအနှီးရှိတာနဲ့ စတင် အိပ်မက်လို့ရမဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ FTTH WiFi internet business လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ သင်ခန်းစာ ပြီးဆုံးတာနဲ့ ကိုယ်တိုင် နည်းပညာလေ့လာပြီး တည်ဆောက်မှာလား၊ ဒါမှမဟုတ် နည်းပညာကျွမ်းကျင်သူကို ဦးဆောင်လုပ်ခိုင်းမှာလား ရွေးချယ်ပြီး မိမိလက်ထဲမှာ အရင်းအနှီးရှိတာနဲ့ စတင်အိပ်မက်လို့ရမဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ FTTH WiFi internet business လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ Start Date သင်တန်းကြေးငွေသွင်းပြီးသည်နှင့် အခုအပ်အခုတက်ရောက်နိုင်ပါပြီ။ ကိုယ့်ရဲ့ လေ့လာနိုင်မှု / အချိန်ပေးနိုင်မှုအပေါ်မူတည်ပြီး လျှင်မြန်စွာ တတ်မြောက်နိုင်ပါတယ်။ အချိန်ကန့်သတ် မထားပါဘူး ခင်ဗျာ။
- ယနေ့ခေတ် နည်းပညာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေသူ မည်သူမဆို တတ်လို့ရပါပြီ။
About lecturer
ဆရာ ဦးကျော်ထွန်းလင်းသည် Royal S7 Engineering Co., Ltd. နှင့် Telecom Engineering Training Center တို့၏ Founder နှင့် Chief Trainer တစ်ဦးဖြစ်ပြီး IQ Tech Telecom & Network Solution ၏ CEO လည်း ဖြစ်ပါသည်။ ပညာအရည်အချင်းအနေဖြင့် တောင်ငူနည်းပညာတက္ကသိုလ် (TU Taungoo) မှ Electrical Engineering နှင့် ပဲခူးတက္ကသိုလ်မှ B.Sc. (Physics) အထူးပြု ဘာသာရပ်တို့ကို ရရှိထားပါသည်။ ထို့အပြင် EIU Paris မှ MBA (General Management) ဘွဲ့ကို ရရှိထားပြီး ပြည်တွင်း၌ Professional Business Coach နှင့် NLP Trainer တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။ လုပ်ငန်းခွင်အတွေ့အကြုံအနေဖြင့် Telecom Industry တွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း (၁၅) နှစ်တိုင်တိုင် Project Manager ရာထူးဖြင့် ကိုယ်တိုင်ဦးဆောင် တည်ဆောက်ခဲ့ပြီး Fiber Optic Cable စက်ရုံမှူး အတွေ့အကြုံ လည်း ရှိခဲ့ပါသည်။ ထိုကာလများအတွင်း MPT, Atom, U9, MFOCN နှင့် Eager စသည့် ကုမ္ပဏီများ၏ ပြည်တွင်းစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုများအနေဖြင့် Fiber to the home (FTTH) Technology အပိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော FTTH Council EURO ၏ အာရှပထမဦးဆုံး Pioneer Batch သို့ သွားရောက် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် Fusion Splicer နှင့် Fiber Optic Testing နည်းပညာများကို တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း နှင့် ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများရှိ Fujikura, Sumitomo, EXFO နှင့် Vina OFC စသည့် ပါတနာကုမ္ပဏီများနှင့် ကျွမ်းကျင်ဆရာများထံတွင် ကိုယ်တိုင်လေ့လာသင်ယူခဲ့ပြီး ပြည်တွင်းတည်ဆောက်ရေး အတွေ့အကြုံများဖြင့် ပေါင်းစပ်ဖန်တီးထားပါသည်။ ဆရာသည် ကိုယ်တိုင်လေ့လာဆည်းပူးခဲ့သော Fiber Optic Technology များ၊ လုပ်ငန်းခွင်နှင့် စီးပွားရေးအတွေ့အကြုံများကို ပေါင်းစပ်ကာ စနစ်ကျသောသင်ရိုးများ ရေးဆွဲ၍ ၂၀၁၉ ခုနှစ်မှ စတင်ပြီး Telecom Engineering ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ (In Person & Online) သင်ကြားပို့ချပေးခဲ့ပါသည်။ ယနေ့အထိ ပြည်တွင်း ပြည်ပနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းခွင်ဝင်လူငယ်များ၊ နည်းပညာ ကျောင်းသားများ၊ တယ်လီကွန်းကျွမ်းကျင်သူများနှင့် အင်တာနက် ဝန်ဆောင်မှု (ISP) စွန့်ဦးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အချို့မှာ ကိုယ်ပိုင်လုပ်ငန်းရှင် များအဖြစ် အောင်မြင်စွာ ရပ်တည်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံအနှံ့ရှိ လုပ်ငန်းရှင် ဖြစ်ချင်သော လူငယ်လူလတ်များစွာကိုလည်း FTTH ISP Business အတန်းများ ဖွင့်လှစ်မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါတွင် အနာဂတ်လူငယ်များ Telecom နည်းပညာများကို စနစ်တကျ လေ့လာနိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် လူငယ်စွန့်ဦးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် အထူးရည်ရွယ်ချက်ဖြင့် L2E သင်တန်းစတိုး Online Education Platform တွင် ပါဝင်အားဖြည့် သင်ကြားပေး လျက်ရှိပါသည်။
Feedback
What other students turned professionals have to say about course after learning with us and reaching their goals.
0 ratings
